ဖြေလျော့ပေးထားတဲ့ ကိစ္စရပ်တွေမပါဝင်ပါဘူး။

ဖြေလျော့ပေးထားတဲ့ ကိစ္စရပ်တွေကလွဲလို့ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များကို နိုဝင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ကိုဗစ် ၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။



ဒီကနေ့ အောက်တိုဘာလ (၂၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အောက်တိုဘာလ (၃၁)ရက်နေ့ထိ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အားလုံးထဲက ဖြေလျှော့ပေးထားတဲ့ လုပ်ငန်းတွေမပါ ကျန်အားလုံးကို နိုဝင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။



နောက်ထပ် တစ်လ ထပ်မံတိုးမြှင့်တဲ့ညွှန်ကြားချက်တွေထဲမှာ ညမထွက်ရအမိန့် ၊ စားသောက်ဆိုင်များပါဆယ်စနစ်သာရောင်းချရေး၊ ကေတီဗီနဲ့ နိုက်ကလပ်များဆက်လက်ပိတ်ထားရန်၊ ဘုရားစေတီများပိတ်ထားရန်နဲ့ ပြည်တွင်းပြည်ပ လေကြောင်းလမ်းများပျံသန်းခွင့် ရပ်နားထားရေး ကိစ္စရပ်များပါဝင်ပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းကူးစက်လူနာတွေ ယခင်ကထက်လျော့နည်းသွားပြီလို့ သုံးသပ်ထားပေမယ့်လည်း နေ့စဉ်ကူးစက်လူနာအရေအတွက်က ထောင်ဂဏန်းနီးပါး (သို့မဟုတ်) တစ်ထောင်ကျော်မှာရှိနေဆဲဖြစ်ပါတယ်။

မကြာခင်ကာလမှာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ သတင်းကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်မှာလည်း လူစုလူဝေးနဲ့ ပွဲတော်တွေကို မကျင်းပဖို့ကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ညွှန်ကြားထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုက် သီတင်းကျွတ်မှာ လူစုလူဝေးမလုပ်ကြဖို့ကို မေတ္တာရပ်ခံပြောကြားထားတာဖြစ်ပါတယ်။

လက်ရှိနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုက ထိန်းချုပ်နိုင်တဲ့အဆင့်သာရှိသေးပြီး လုံးဝထိန်းချုပ်နိုင်ဖို့အတွက်ကတော့ အများကြီးလုပ်ဆောင်ရမှာဦးမှာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်များကို နောက်ထပ်တစ်လ ထပ်တိုးခဲ့တာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ (၂၈)ရက်နေ့ ည ၈နာရီထုတ်ပြန်ချက်အထိ တစ်နိုင်ငံလုံးကိုဗစ်လူနာ (၄၉၀၇၂)ဦးမှာ ပြန်လည်ပျောက်ကင်းသူ (၂၈၆၃၆)ဦးနဲ့ သေဆုံးသူ (၁၁၇၂)ဦးရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က