မန္တလေးမြို့မှာ ဒီကနေ့အထိ ကိုဗစ်ရောဂါပိုးတွေ့လူနာသေဆုံးမှု (၈) ဦးရှိနေ

မန္တလေးမှာ အသက် (၆၄) နှစ်အရွယ် ကိုဗစ်လူနာ အမျိုးသားတစ်ဦး ဒီနေ့ အောက်တိုဘာ (၂၉) ရက်မှာ သေဆုံးသွားခဲ့ပြီး ရောဂါအခံမရှိဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သံသယလူနာအဖြစ်ကုသနေရင်း ဓာတ်ခွဲစစ်ဆေးရာကနေ ပိုးတွေ့လို့ ကုတင် (၃၀၀) ဆံ ဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ရာ နာရီပိုင်းအတွင်းမှာပဲ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်ကပြောပါတယ်။



“ ဒီမနက် (၁)နာရီခွဲလောက်က ဆုံးတာပါ၊ ဆေးရုံကြီးကနေပေါ့စတစ်ထွက်လို့ ခုတင် ၃၀၀ ကိုပြောင်းပေးခဲ့တယ်၊ ဆေးရုံကြီးမှာကတည်းက သူကအခြေအ နေဆိုးခဲ့တာလို့သိရပါတယ်၊ ခုတင် ၃၀၀ ရောက်ပြီးနာရီပိုင်းအတွင်းဆုံးတာပါ။” လို့ သူကပြောပါတယ်။

“ လူနာကပြင်းထန်တဲ့တခြားရောဂါမရှိဘူး။ ကုတင် ၃၀၀ ကိုစလွှဲပေးကတည်းက စိုးရိမ်ရတဲ့အနေအထားတော့ရှိတယ်။ လူနာက ဆီးချိုသွေးချိုအခံမရှိပေမယ့် ဆေးရုံ ရောက်လာတဲ့အချိန်မှာတော့ ဆီးချိုတွေတက်နေတယ် “ လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာစုစုဒွေးက ပြောပါတယ်။

လက်ရှိမှာတော့ သေဆုံးလူနာကို ခုတင် ၃၀၀ ဆံ့သင်ကြားရေးဆေးရုံကပဲ တာဝန်ယူသဂြိုဟ်ပေးပြီးဖြစ်တယ်လို့လည်းသိရပါတယ်။ မန္တလေးမြို့မှာ ဒီကနေ့အထိ ကိုဗစ်ရောဂါပိုးတွေ့လူနာသေဆုံးမှု (၈) ဦးရှိခဲ့ရာ (၇) ဦးက ရောဂါအခံရှိသူတွေ ဖြစ်ပြီး ဒီကနေ့သေဆုံးခဲ့တဲ့ အမျိုးသားကတော့ ကြီးကြီးမားမား ရောဂါအခံမရှိဘဲ ကိုဗစ်ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က