ချမ်းအေးသာစံမြို့နယ်မြို့နယ်မှာ ဒီနေ့မနက် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

ကြွပ်ကြွပ်အိတ်တစ်လုံးထဲမှာ ဖုန်းနှစ်လုံးထည့်ထားပြီး ဖုန်းအားသွင်းတာကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်တစ်ခု မန္တလေးမြို့မှာ ဒီကနေ့ မနက်အစောပိုင်းကဖြစ်ပွားခဲ့ပါတယ်။

Photo :Ko Zaw Lin Tun

မန္တလေး ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် ၂၉ လမ်း(၇၉ လမ်းနဲ့ လမ်း ၈၀ ကြား)က အထပ်မြင့်စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အလုပ်သမားအိပ်ဆောင်မှာ ဒီကနေ့(အောက်တိုဘာလ ၃၀ ရက်)မနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်ကဖြစ်ပွားခဲ့တာလို့သိရပြီး စားသောက်ဆိုင်ရဲ့ အနောက်ဘက်အလုပ်သမားအိပ်ဆောင်မှာ အလုပ်သမားတွေ က ကြွပ်ကြွပ်အိတ်ထဲ ဖုန်းနှစ်လုံးထည့်ပြီးအားသွင်းရာမှ အပူလွန်ကဲပြီးအောက်ရှိဂျပ်ဖာအဟောင်းတွေဆီပြုတ်ကျကာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကရရှိတဲ့မှတ်တမ်းကဖော်ပြထားပါတယ်။



Photo :Ko Zaw Lin Tun

ဒီမီးလောင်မှုကိုLevel-2 အဆင့်သတ်မှတ်ပြီး တိုင်းမီးသတ်ဦးစီးမှူးဦးသန်းဇော်ဦးဦးဆောင်တဲ့ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၅ စီး အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အင်အား ၆၀၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၃၀ တို့က ရေဂါလံ ၂၆၀၀၀ နဲ့မီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၃ နာရီ ၂၀ မိနစ်အ ချိန်ခန့်မှာပဲ မီးလုံးငြိမ်းသွားခဲ့ပါတယ်။

Photo :Ko Zaw Lin Tun

မီးလောင်နေစဉ်အတွင်း ပိတ်မိနေသူ ၁၁ ဦးရှိခဲ့ပြီး ၁၁ ဦးစလုံးကို မီးသတ်တပ်ဖွဲ့ဝင်တွေက အသက်ရှင်လျက်နဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှုကြောင့် အလုပ်သမားအိပ်ဆောင်နဲ့မီးဖိုဆေင်ာမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ မီးသတင်းမှတ်တမ်းကဖော်ပြထားပါတယ်။ဒီမီးလောင်မှုအပေါ် ပိုင်ရှင်ဖြစ်သူကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းက (ပ)၄၂၉/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က