လက်ရှိ ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းအခက်အခဲတွေရှိနေပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ယနေ့ထိ ကိုဗစ်ကူးစက်ခံထားရသူ (၂၂၃)ဦးရှိတယ်လို့ သိရပါတယ်။

တစ်ဝက်လောက်ကတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လို့ ဆေးရုံကဆင်းလာပြီး တစ်ဝက်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။ 



ရောဂါပိုးကူးစက်ခံရတဲ့ကျန်းမာရေးဝန်ထမ်းတွေများလာတဲ့အတွက် ရန်ကုန်ဆေးရုံကြီးမှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် အခက်အခဲတွေရှိနေတယ်လို့ ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနမှ ပါမောက္ခဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။ 

“ ကျန်းမာရေးဝန်ထမ်းကိုဗစ်ကူးစက်ခံရသူတွေက နေ့စဉ်လူနာတွေတက်နေတာပဲ။ အခုတော့ အရင်လောက်ကြီးမဟုတ်တော့ဘူး။ ကျန်းမာရေးဝန်ထမ်းတစ်ဦးကူးစက်ခံရတာနဲ့ သူနဲ့ထိတွေ့ထားတဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကွာရန်တင်းထားရတော့ ဝန်ထမ်းအင်အားကလျော့လာတယ်။ အဲဒီတော့ဆေးရုံကြီးမှာ ဝန်ထမ်းလိုအပ်ချက် အခက်အခဲတွေရှိပါတယ်။ ကွာရန်တင်းထားထားတဲ့ဝန်ထမ်းတွေထဲက ဒီနေ့ negativeအဖြေထွက်တယ်ဆို မနက်ဖြန်အလုပ်ပြန်ဆင်းရတဲ့အနေအထားထိပါပဲ”လို့ ဒေါက်တာမော်မော်ဦးကပြောပါတယ်။ 

တိုင်းနဲ့ပြည်နယ်တွေက လာရောက်ကူညီတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်စင်တာတွေမှာထားရှိတာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးအတွက်တော့ လာမယ့်ရက်ပိုင်းအတွင်းမှာ လက်ထောက်ဆရာဝန်တွေရောက်ရှိလာဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိရန်ကုန်ဆေးရုံကြီး ကိုဗစ်ကုသရေးအဆောင် ပင်မဆောင်မှာလည်း လူနာတွေပြည့်သွားပြီဖြစ်ပါတယ်။ ပင်မဆောင်မှာ ကုသမှုခံယူနေတဲ့ လူနာက အယောက် (၂၀၀)နီးပါးရှိပြီး နောက်ထပ်ကုသရေးအဆောင်တွေပြင်ဆင်မှုကလည်း (၈၀)%ထိ ပြီးစီးနေပြီလို့ သိရပါတယ်။

Share

Loading Next Article...
က္က