အခြားဥပဒေနဲ့ အရေးယူထားမှု(၂၆)မှုနဲ့ ကျန်တဲ့အမှုတွေက ပေါင်းစပ်ညှိ့နိုင်းဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလ မကွေးတိုင်းအတွင်း မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်ပြီး အောက်တိုဘာ၂၈ရက်နေ့အထိ ရဲတပ်ဖွဲ့ကို တိုင်ကြားထားတဲ့အမှု စုစုပေါင်း (၄၈)မှုရှိကြောင်း တိုင်းရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

၂၀၁၅ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမဲဆွယ်ကာလတစ်ခုလုံးမှာ အမှုကြောင့်(၄၅)ခုရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲကြိုကာလမှာတော့ တိုင်တန်းမှု(၄၈)မှုရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။ အဆိုပါ(၄၈)မှုမှာ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်အရေးယူထားမှု(၅)မှု၊ ရွေးကောက်ပွဲဥပဒေနဲ့ ဆက်စပ်ပြီး အခြားဥပဒေနဲ့ အရေးယူထားမှု(၂၆)မှုနဲ့ ကျန်တဲ့အမှုတွေကပေါင်းစပ်ညှိ့နိုင်းဖြေရှင်းပေးပြီး အပြန်အလှန်နားလည်မှုနဲ့ ပြေလည်သွားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ဆိုပါတယ်။



"ကျွန်တော်တို့က စေ့စပ်ညှိနှိုင်းရေးကော်မတီကို တိုင်း/ခရိုင် မြို့နယ် ရပ်ကျေးအလိုက် ဖွဲ့စည်းပေးထားပြီးဖြစ်တယ်၊ ပြသနာတွေဖြစ်ပွားလာရင် အဲ့ဒီကော်မတီတွေက အရင်ဖြေရှင်းဆောင်ရွက်ပေးရတယ်၊ ဖြေရှင်ပေးတာ မရတော့ဘူးဆိုရင် ကျွန်တော်တို့က ဥပဒေနဲ့ ဆက်လက်အရေးယူဆောင်ရွက်ရတာဖြစ်ပါတယ်"ဟု ရဲမှူးကြီးလှိုင်တင့်ကပြောပါတယ်။

မကွေးတိုင်းအတွင်း ရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အရေးယူမှုများမှာ ပါတီဂုဏ်သိက္ခာထိခိုက်စေရန် မမှန်သတင်းလွှင့်မှု (၁)မှု၊ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရမှု (၂)မှု၊ မဲဆွယ်စည်းရုံးရေးကို နှောင့်ယှက်ဟန့်တားမှု (၂)မှုတို့ ဖြစ်ပြီး အခြားဥပဒေများနဲ့ အရေးယူခဲ့ရာမှာ ခိုက်ရန်ဖြစ်ပွားမှု (၁၇)မှု၊ မဲဆွယ်လှည့်လည်စဉ် ယာဉ်တိုက်မှု (၂)မှု၊ သွားလာမှုကိုနှောက်ယှက်ဟန့်တားမှု (၂)မှု၊ နေအိမ်သို့ ဝင်ရောက်ဖျက်ဆီးမှု (၂)မှု၊ ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူမှု (၂)မှု၊ ပပက ၆(၁)ဖြင့် အရေးယူမှု (၁)မှု တို့ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သိရပါတယ်။ 

မကွေးပို့စ်မှပေးပို့သော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က