မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း (၂၀)အားယူဆောင်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ၊ မြန်မာ့လေကြောင်းလိုင်း (MNA)ရုံးရဲ့ မန်နေဂျာနေအိမ်မှာ အောက်တိုဘာ ၃၀ ရက်မနက် ၁၁ နာရီက ဓားပြအတိုက်ခံရကာ အမျိုးသမီးဖြစ်သူအား ဓားပြများက တုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် သေဆုံးသွားခဲ့ကြောင်း ဗန်းမော်မြို့မရဲ့စခန်းက သိရပါတယ်။

Photo: ဗန်းမော်မြို့မစခန်း

ဖြစ်စဉ်မှာ မြန်မာ့လေကြောင်းလိုင်းရဲ့မန်နေဂျာဖြစ်သူ နေအိမ်မှာရှိနေစဉ် အမည်မသိအမျိုးသားသုံးဦးက နှာခေါင်းစည်း(Mask)များတပ်၍ ရောက်ရှိလာကာ မန်နေဂျာဖြစ်သူကို ထိုးကြိတ်ကာသတိလစ်သွားချိန်မှာတိပ်နဲ့ပတ်ထားခဲ့ကြပါတယ်။ အဲ့ဒီနောက်မန်နေဂျာရဲ့ ဇနီးဖြစ်သူအား အမည်မသိအမျိုးသားသုံးဦးက တုတ်ဖြင့်ရိုက်ကာ မီးခံသေတ္တာအားဖွင့်ခိုင်းခဲ့ပါတယ်။ ထိုသို့ ဖွင့်ခိုင်းပြီးနောက် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း(၂၀)အားယူဆောင်သွားခဲ့ကြတယ်လို့သိရပါတယ်။ 



Photo: ဗန်းမော်မြို့မစခန်း

တုတ်နဲ့အရိုက်ခံရတဲ့အတွက် မန်နေဂျာရဲ့ ဇနီးဖြစ်သူ ဦးခေါင်း၌ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရမှာပဲ သေဆုံးသွားခဲ့ပြီး မန်နေဂျာမှာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့တဲ့အတွက်ဗန်းမော်ပြည်သူ့ဆေးရုံသို့တင်ပို့ကုသခဲ့ရပါတယ်။ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်ခဲ့သူသုံးဦးကို ဗန်းမော်မြို့မရဲစခန်းက (ပ)၂၁၂/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၃၀၂ / ၃၉၂ / ၃၂၃ အရအမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့လည်းသိရပါတယ်။ 

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က