သက်ကြီးရွယ်အိုတွေဖြစ်တဲ့ အတွက် မှားယွင်းမှုတွေကို လက်ခံပေးခဲ့တာပါ။
အသက်(၆၀)ကျော် မဲဆန္ဒရှင်တွေကို ကြိုတင်မဲကောက်ခံခဲ့ရာမှာ မှားယွင်းမှုအချို့ရှိခဲ့ပေမယ့်လည်း ပယ်မဲအဖြစ်မသတ်မှတ်ဘဲ လက်ခံပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။


ကိုဗစ်-၁၉ကူးစက်မှုအခြေအနေအရ အသက်၆၀နှစ်အထက် အသက်အရွယ်ကြီးရင့်သူတွေကို စက်တင်ဘာ ၂၉ရက်ကနေ အောက်တိုဘာ ၅ရက်အထိ ကြိုတင်မဲကောက်ခံလျှက်ရှိရာမှာ ဆန္ဒမဲထည့်သွင်းတဲ့စာအိတ်များကို ကော်သုတ်ရာမှာ ဆန္ဒမဲလက်မှတ်များအစွန်အထင်းဖြစ်ပေါ်စေနိုင်ခြင်း၊ ဆန္ဒမဲလက်မှတ်များစုတ်ပြဲစေနိုင်ခြင်း၊ အမှန်ခြစ်တံဆိပ်တုံးနဲ့ ဆန္ဒပြုရမယ့်အစား ဘောလ်ပင်နဲ့အမှန်ခြစ်ပြီးဆန္ဒပြုခြင်း၊ ဆန္ဒမဲ လက်မှတ်ကျောဘက်မှာ တာဝန်ခံလက်မှတ်နဲ့အမည်ပါရှိတဲ့လက်မှတ်ပါရှိခြင်း၊ ကြိုတင်လက်မှတ်နဲ့စာအိတ်လွဲမှားခြင်းအစရှိတဲ့ မှားယွင်းမှုတွေကို ပယ်မဲအဖြစ်လက်မခံဘဲ အတည်ပြုလက်ခံမယ်လို့ UEC က ထုတ်ပြန်ခဲ့တာပါ။



အသက် (၆၀)ကျော် သက်ကြီးတွေကို အိမ်တိုက်ရာရောက် ဆန္ဒမဲကောက်ယူတဲ့အခါမှာလည်း မဲဆန္ဒရှင်အရေအတွက်များပြားတဲ့အတွက် အမှားအယွင်းဖြစ်ပေါ်ခဲ့ပါကလည်း ပဲမယ်အဖြစ်မသတ်မှတ်ပါဘူး။ (၁) သတ်မှတ်ထားတဲ့ အမှတ်ခြစ်တံဆိပ်တုံးဖြင့် ဆန္ဒမဲပြုရမယ့်အစား ဘောပင်ဖြင့်အမှန်ခြစ်ပြီး ဆန္ဒပြုထားတဲ့ မဲလက်မှတ်များ (၂) ကြိုတင်မဲလက်မှတ်တွေပေါ်မှာ မဲရုံးမှူးလက်မှတ် ၊ ဒါမှမဟုတ် ဆန္ဒမဲလက်မှတ်ရဲ့ ကျောဘက်မှာ ကော်မရှင်အဖွဲ့ခွဲတံဆိပ်တုံး (သို့) တာဝန်ခံထုတ်ပေးသူရဲ့ လက်မှတ်နှင့် အမည်ပါရှိတဲ့လက်မှတ်

(၃)လွှတ်တော်အလိုက် ထည့်သွင်းရမည့် ကြိုတင်မဲလက်မှတ်နှင့် စာအိတ်လွဲမှားသော်လည်း မဲဆန္ဒရှင်က မှန်ကန်စွာဆန္ဒပြုထားတဲ့ မဲလက်မှတ်များကိုလည်း ပဲမယ်အဖြစ်သတ်မှတ်မှာမဟုတ်ပါဘူး။ အခုလို မှားယွင်းတဲ့ မဲလက်မှတ်အချို့ကို ပဲမယ်အဖြစ် မသတ်မှတ်ခြင်းက အသက် (၆၀)ကျော် သက်ကြီးရွယ်အိုတွေဖြစ်တဲ့အတွက် မှားယွင်းမှုတွေကို လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က