မန္တလေးမြို့မှာ ဒီနေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာသေဆုံးမှု (၈) ဦးအထိရှိနေ

မန္တလေးမြို့မှာ ဒီကနေ့ နိုဝင်ဘာ (၂) ရက် မနက်ပိုင်းက ကိုဗစ်ရောဂါအတည်ပြုလူနာတစ်ဦးထပ်မံသေဆုံးခဲ့ပြီး ဆီးချိုသွေးတိုးရောဂါအခံရှိသူဖြစ်တယ်လို့ ချမ်းအေးသာစံမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရာဇာမြင့်ကပြောပါတယ်။

သေဆုံးသူဟာ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်မှာနေထိုင်တဲ့ အသက် (၅၈) နှစ်အရွယ် အမျိုးသားဖြစ်ပြီး သူဟာရောဂါအခံနဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးဆီ တက်ရောက်ကုသစဉ် ကိုဗစ်ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 



“ သူက အနံ့ပျောက်တယ်ဆိုပြီးဆေးရုံကြီးမှာသွားပြရာကနေ အောက်တိုဘာ (၂၃) ရက်က ပိုးတွေ့ကြောင်း သိရတာပါ။ ဆေးရုံမှာသေတာဆိုတော့ ဆေးရုံကပဲကောင်းမွန်စွာနဲ့သဂြိုဟ်ပေးခဲ့ပြီးပြီလို့သိရပါတယ်။” အုပ်ချုပ်ရေးမှူး ဦးရာဇာမြင့်ကပြောပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာသေဆုံးမှု (၈) ဦးအထိရှိနေရာမှာ (၇) ဦးက ရောဂါအခံတွေနဲ့သေဆုံးတာတွေချည်းပဲဖြစ်ပြီး အောက်တိုဘာလ ၂၉ ရက်နေ့ကသေဆုံးခဲ့တဲ့ အသက် (၆၄) နှစ်အရွယ်အမျိုးသားတစ်ဦးသာ ရောဂါအခံမရှိဘဲသေဆုံးခဲ့တာဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာလ (၂) ရက်နေ့အထိ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၉၈၉ ဦး၊ ရောဂါပျောက်လို့ဆေးရုံကဆင်းခွင့်ရသွားသူ ၁၃၅၆ ဦးရှိတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က