(၁၇)ရက်နေ့မှာ ပထမဆုံးရုံးချိန်းဆောင်ရွက်မှာပါ။
Ei Ei Htun

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄ (က) နဲ့ ၁၇ လကြာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးဝီရသူကို ဒီကနေ့အောက်တိုဘာလ (၃)ရက်နေ့မှာ ချုပ်ရက်ရမန်ယူခဲ့ကာ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာလ (၁၇)ရက်နေ့ထိ ချုပ်ရက် ယမန်ယူခဲ့တာဖြစ်ပြီး (၁၇)ရက်နေ့မှာ ပထမဆုံးရုံးချိန်းအနေနဲ့ စတင်ဆောက်ရွက်မှာပါ။ 

“ တရားစွဲထားတဲ့ ပုဒ်မက (၁၂၄)ကဖြစ်ပါတယ်။ တရားပြေးအဖြစ်ကြေညာထားပေမယ့် ဆရာတော်ကိုယ်တိုင် အဖမ်းခဲ့တာပါ။ ဒီနေ့တော့ ရုံးမထုတ်ဘဲ ရမန်ယူလိုက်တယ်။ (၁၇)ရက်နေ့မှာ ပထမဆုံးရုံးချိန်းအနေနဲ့ စစစ်မယ်။ အခုတော့ဆရာတော်က အင်းစိန်ထောင်ကို သွားနေပါပြီ”လို့ ဦးဝီရသူကိုဝန်းရံတဲ့ ရှေ့နေ ဦးအေးပိုင်က မီဒီယာတွေကိုပြောပါတယ်။ 

ဦးဝီရသူက နိုင်ငံတော်အကြီးအကဲများအပေါ် မဖွယ်မရာ စကားလုံးများ သုံးနှုန်းပြောဆိုခြင်း၊နိုင်ငံတော်တရားရေးနှင့် အုပ်ချုပ်ရေးစသည့်ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည်ညိုပျက်အောင် ပြောဆိုမှုကြောင့် အနောက်ပိုင်းခရိုင်ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-ကဖြင့် တရားစွဲဆိုရန် ၂၀၁၉ခုနှစ်ပတည်းက တိုင်တန်းထားခဲ့တာဖြစ်ပါတယ်။

အမှုဖွင့်တိုင်းကြားပြီးနောက် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက် (၁၇)လအကြာ မနေ့ (နိုဝင်ဘာလ ၂ ရက်နေ့) က ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရမန်ယူတဲ့နေ့မှာလည်း အနောက်ပိုင်းခရိုင်တရားရုံးရှေ့မှာ သံဃာတော်များနှင့် ပြည်သူတချို့ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒပြသူများဟာ "သံဃာတော်များအပေါ် အရပ်သားအာဏာရှင်အစိုးရဲ့ မတရားသောလုပ်ရပ်များကိုဆန့်ကျင်ကြ"၊ "ဦးဝီရသူအား မတရားသဖြင့်တရားစွဲဆိုရန် ညွှန်ကြားထားသူများကိုဆန့်ကျင်ကြ"နဲ့ "We Love WIRATHU" ဆိုတဲ့ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားရုံးမှပြစ်ဒဏ်ချမှတ်ပြီးပါက ဓမ္မစက်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။





ဆက်စပ်အကြောင်းအရာများ


Author


က္က