ဆရာဝန်ဟာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ စမ်းမြောက်ရပ်ကွက်၊ အရှေ့ကုန်းလမ်းနှင့်မင်္ဂလာလမ်းထောင့်တွင် ဒီကနေ့ (နိုဝင်ဘာ ၃ ရက်) နံနက်ပိုင်းက ဆေးခန်းဖွင့်ရန်နေအိမ်မှထွက်လာတဲ့ ဆရာဝန်အား အမျိုးသားတစ်ဦးက ဓားနဲ့ ထိုးပြီး လက်ကိုင်အိတ်ကို လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ပြီး ဆရာဝန်မှာသေဆုံးသွားခဲ့ကြောင်း စမ်းချောင်းမြို့မရဲစခန်းကနေ သိရပါတယ်။

"အခင်းဖြစ်ပြီးပြီးချင်း အဲဒီနေရာတဝိုက်က CCTV မှတ်တမ်းတွေကိုစစ်တယ်၊နောက်ပြီးပြစ်မှုကျူးလွန်သူထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေကိုလည်း အဖွဲ့တွေခွဲပြီးလိုက်စစ်ဆေးနေပါတယ်၊မျက်မြင်သက်သေတွေလည်းရှိတာကြောင့် မေး မြန်းမှုတွေလုပ်ဆောင်နေတယ်၊ပြစ်မှုကျူးလွန်သူကိုအမြန်ဆုံးဖမ်းမိနိုင်ဖို့အတွက် တိုင်း၊ခရိုင်က ရဲ တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းစစ်ဆေးစုံစမ်းနေပါတယ်"ဟု စမ်းချောင်းမြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။



ဖြစ်စဥ်မှာ ဒီကနေ့ နံနက် ၇ နာရီခွဲက စမ်းချောင်းမြို့နယ်၊စမ်းမြောက်ရပ်ကွက်၊အရှေ့ကုန်းလမ်းနှင့် မင်္ဂလာလမ်းထောင့်နေ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာစောခိုင်(အသက်-စီစစ်ဆဲ)ဟာ သီရိလမ်းရှိ မြတ်တော်ဝန် ဆေးခန်းမှာ ဆေးခန်းဖွင့်ရန်နေ အိမ်မှထွက်ပြီး ကားတံခါးဖွင့်စဥ် အမျိုးသားတစ်ဦးက ဆရာဝန်အားဓားနဲ့ ထိုးပြီး ဆရာဝန်ကိုင်ဆောင်ထားတဲ့ လက်ကိုင်အိတ်ကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ ဆရာဝန်မှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူကို စမ်းချောင်းမြို့မရဲစခန်းက လူသတ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဝေဠုဝန်မြောက်အရန်မီးသတ်

အလွတ်တန်းသတင်းထောက် ကျော််သူ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က