ရောဂါပျောက်ကင်းလို့ ဆေးရုံကဆင်းတဲ့အချိန်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။

နေပြည်တော် ပျဉ်းမနား အကျဉ်းထောင်က ကိုဗစ်လူနာ အကျဉ်းထောင်သားတစ်ဦး ထွက်ပြေးမှုဖြစ်ပွါးခဲ့ပါတယ်။

 တနင်္ဂနွေနေ့က ထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပြီး ရောဂါပျောက်ကင်းလို့ ဆေးရုံကနေအပြောင်းအရွေ့လုပ်တဲ့အချိန်မှာ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ယနေ့ထိ အဆိုပါ အကျဉ်းသားကို ပြန်လည်မဖမ်းမိသေးဘူးလို့ သိရပါတယ်။



“ဟုတ်ပါတယ်။ တနင်္ဂနွေနေ့က ကိုဗစ်ကူးစက်ခံထားရတဲ့ အကျဉ်းသားတွေရောဂါပြန်လည််ပျောက်ကင်းလို့ ဆေးရုံကအဆင်း သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ကားနဲ့အရွှေ့အပြောင်းလုပ်တဲ့အခါမှာ ထွက်ပြေးသွားတာ။ ခုထိတော့မဖမ်းမိသေးဘူး။ သူက ရောဂါပျောက်ကင်းလူနာဖြစ်လို့ သူ့ဆီကတစ်ဆင့်ရောဂါကူးစက်မှာတော့ မဖြစ်နိုင်ပါဘူး”လို့ နေပြည်တော် တိုင်းကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။ 

ထွက်ပြေးတိမ်းရှောင်နေတဲ့ အကျဉ်းသားက မုဒိမ်းမှုအပါအဝင် တခြားအမှုနှစ်ခုနဲ့ တရားရင်ဆိုင်နေရသူဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော် ပျဉ်းမနားမြို့ အကျဉ်းထောင်ကနေ ရဲဲတပ်သား(၃)ဦးနဲ့ အကျဉ်းသား (၃၄)ဦး စုစုပေါင်း (၃၇)ဦး ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။ လက်ရှိမှာ (၃၇)ဦးစလုံးရောဂါပျောက်ကင်းကာ ဆေးရုံကဆင်းခွင့်ရရှိသွားပြီဖြစ်ပါတယ်။ ဆေးရုံကဆင်းခွင့်ပေးခဲ့တဲ့နေ့မှာပဲ အခုလိုအချုပ်သားတစ်ဦးထွက်ပြေးမှု ဖြစ်ပွားခဲ့တာပါ။

Share

Loading Next Article...
က္က