ဇေယျာသီရိမြို့နယ်ထဲက တပ်မဲရုံအမှတ် ၅ မှာဖြစ်ပေါ်ခဲ့တာပါ။

ဇေယျာသီရိမြို့နယ်ထဲက တပ်မဲရုံတစ်ခုဖြစ်တဲ့ မဲရုံအမှတ် ၅ မှာ မဲပုံးလုံခြုံရေးကြိုး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။



အခုလိုဖြစ်ပေါ်ခဲ့မှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က တာဝန်ရှိသူတွေနဲ့ UEC ကတာဝန်ရှိသူတွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။



လက်ရှိမှာတော့ မဲရုံမှာ ထားရှိတဲ့ မဲပုံးအားလုံးကို တိတ်တွေ နဲ့ ပိတ် ပြီး လုံခြုံမှုရှိစေအောင် ပြုလုပ်ထားပါတယ်။

“ကျနော်တွေ့ရှိတာကတော့ ဒီလုံခြုံရေး ကြိုးကို တမင်သက်သက်ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်ထားခြင်းမျိုးမဟုတ်ပဲနဲ့ အဲ့ဒီလုံခြုံရေးကြိုးရဲ့ အရည်အသွေးပိုင်းဆိုင်ရာမှာ ချို့ယွင်းမှုကြောင့် ဖြတ်တောက်သွားတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်”လို့ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးအောင်သူစိုး (ခ) မောင်မောင်က ပြောပါတယ်။

အခုလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မဲရုံတွေအပေါ် စိတ်ချယုံခြုံမှုရှိပါမလားဆိုတဲ့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။ အဆိုပါမဲရုံ အမှတ်(၅)မှာ နိုဝင်ဘာလ (၃)ရက်နေ့ထိ ကြိုတင်မဲ လာပေးတဲ့သူက (၈၀၀)ကျော်ရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ကြိုတင်မဲပေးမှုတွေကို အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာပါ။

အခုလိုကြိုတင်မဲပေးမှုတွေနဲ့ပတ်သက်ပြီး မဲရုံတစ်ချို့မှာ အခုလို ပြဿနာမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ မဲပုံးခိုးဖောက်စစ်ဆေးမှု ဖြစ်စဉ်တွေကအစ ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိ တပ်မဲရုံ အမှတ် (၅)မှာတော့ အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ တမင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ထားတာမျိုးမတွေ့ရတာဘဲ ကြိုးရဲ့ ကြံ့ခိုင်မှု အားနည်းခြင်းကြောင့်သာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က