ရွေးကောက်ပွဲပျက်ပြားအောင် အချိန်ကိုက်လှုပ်ရှားနေသူတွေကိုလည်း သတိပြုဖို့ ပြောကြားခဲ့ပါတယ်။
Ei Ei Htun

ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ သန့်ရှင်းပြီး တရားနည်းလမ်းကျကျနဲ့ ဥပဒေနဲ့အညီ သိက္ခာရှိစွာ ကြိုးပမ်းကြဖို့ လိုတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ပါတီတွေအနေနဲ့ နိုင်လိုစိတ်ကြီးလာလေလေ မသမာမှုတွေများလေလေဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ဦးစားပေးမူဝါဒအနေနဲ့ချမှတ်ဆောင်ရွက်နေတယ်လို့ ဦးဇော်ဌေးကပြောပါတယ်။

“ နိုဝင်ဘာလ (၈)ရက်နေ့ရွေးကောက်ပွဲမှာ ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ဖို့ အစိုးရအဖွဲ့အနေနဲ့ တာဝန်တွေခွဲယူပြီးဆောင်ရွက်ပေးနေပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ သန့်ရှင်းပြီး တရားနည်းလမ်းကျကျနဲ့ ဥပဒေနဲ့အညီ သိက္ခာရှိစွာ ကြိုးပမ်းကြဖို့လိုပါတယ်။ ၂၀၂၀ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်။ ရွေးကောက်ပွဲ ပျက်ပြားဖို့အတွက် အချိန်ကိုက် လှုပ်ရှားမှုတွေကိုလည်း အထူးသတိပြုစေလိုတယ်”လို့ ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။

အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြိုတင်မဲပေးခြင်းတွေကိုဆောင်ရွက်ခဲ့တာပါ။ ကြိုတင်မဲပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေရှိခဲ့ကာ တရားဝင်တိုင်ကြားပြီး အမှုဖွင့်ခဲ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

အခုလို တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ဥပဒေလမ်းကြောင်းအတိုင်း စစ်ဆေးဆုံးဖြတ်သွားမှာပါ။ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်အောင် ထိပါးတဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေကလည်း ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ရင် အမှန်တရားက ပေါ်ပေါက်လာမှာပါလို့ ဦးဇော်ဌေးကပြောကြားခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က