ယမန်နှစ်စစ်တမ်းတွေအရ ယခင်ရွေးကောက်ပွဲကော်မရှင်ကို လူထုယုံကြည်မှုက ၃၆ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
Ei Ei Htun

ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်တွေက ကြီးမားပြီး ဝေဖန်တိုက်ခိုက်မှုတွေလည်းရှိသလို ယခုရွေးကောက်ပွဲကော်မရှင်ကိုတော့ လူထုယုံကြည်မှုက ယခင်ကထက်များစွာတိုးတက်လာတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သုံးသပ်ပြောကြားပါတယ်။ 

ဝေဖန်မှုတွေခံနေရတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ယခုနောက်ပိုင်းမှာတော့ လူထုရဲ့အားပေးထောက်ခံမှုကြောင့် ချီးကျုးမှုတွေရရှိနေပြီလို့ ဦးဇော်ဌေးက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာပါ။ 

“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်က မလွယ်ကူပါဘူး။ စိန်ခေါ်မှုတွေ၊ တိုက်ခိုက်မှုတွေလည်း များပါတယ်။ အရင်ရွေးကောက်ပွဲ ဥက္ကဌဆို သက်တမ်းတစ်လျှောက်လုံး ဝေဖန်တိုက်ခတ်မှု အများအပြားကြုံတွေ့ခဲ့ရတာပါ။ အခုကော်မရှင်နဲ့ နှိုင်းယှဉ်ရင် ဝေဖန်မှု ပိုပြီးများတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ PACE စစ်တမ်းအရ ယခုရွေးကောက်ပွဲကော်မရှင်ကို လူထုယုံကြည်မှုက များစွာတိုးတက်လာတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ယခင်ရွေးကောက်ပွဲကော်မရှင်တုန်းက ရွေးကောက်ပွဲကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ လူထုဆန္ဒကောက်ယူမှုတွေအထိရှိခဲ့ပါတယ်။ ယမန်နှစ်စစ်တမ်းတွေအရ ယခင်ရွေးကောက်ပွဲကော်မရှင်ကို လူထုယုံကြည်မှုက ၃၆ရာခိုင်နှုန်းသာရှိတယ်လို့လည်းသိရပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ ရှိနေပြီး လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နယ်မြေတွေက မဲမပေးနိုင်တဲ့ ပြည်သူတွေအတွက်နိုင်ငံတော်အစိုးရအနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။



Author


က္က