အသက် ၇၂ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားဟာ လေဖြတ်ရောဂါအခံရှိသူဖြစ်ပါတယ်။

မကွေးမြို့ သိင်္ဂါရပ်ကွက်မှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာအဘိုးဟာ ဒီကနေ့မနက်ပိုင်းက ဆုံးပါးသွားခဲ့ကြောင်း မကွေးမြို့နယ် အုပ်ချုပ်ရေးမှုးဦးသက်လွင်က အတည်ပြုလိုက်ပါတယ်။



မကွေးတိုင်းပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့တဲ့ အသက် ၇၂ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားဟာ လေဖြတ်ရောဂါအခံရှိသူဖြစ်ပါတယ်။ အဆိုပါအမျိုးသားက အောက်တိုဘာလ ၂၉ ရက်နေ့က သိင်္ဂါရပ်ကွက်ရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့သွားရောက်ကာ ကြိုတင်မဲပေးခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် လေဖြတ်ရောဂါနဲ့ မကွေးတိုင်းဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။

“အသက်အရွယ်ကြီးသူဖြစ်တာရယ်၊ COVID-19 positive ဖြစ်နေတာရယ်၊လေဖြတ်ရောဂါအခံရှိသူဖြစ်တာတို့ကြောင့်နှလုံးခုန်၊ အသက်ရှုရပ်၍ သေဆုံးရခြင်းဖြစ်တယ်”လို့ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါ်ဝင်းဝင်းဌေးက ပြောပါတယ်။

အဆိုပါအမျိုးသားကြီးမှာ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတဲ့အတွက် သူနဲ့ထိစပ်ခဲ့တဲ့ မိသားစုဝင်များနဲ့ မဲရုံတာဝန်ရှိသူများအကို ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ မိသားစု (၃)ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသက်လွင်က ဆိုပါတယ်။ ယင်းဖြစ်စဉ်ကြောင့် ကော်မရှင် ရုံးအား ပိုးသတ်ဆေးဖြန်းခြင်းအပါအဝင် ကာကွယ်တားဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ ဦးသက်လွင်က ပြောပါတယ်။

“သူမဲပေးတဲ့ ၂၉ ရက်နေ့က လူတွေက တအားမများဘူးလို့ သိရတယ်။ သူက ၂ရက်နေ့မှ ဆေးရုံပြန် တက်တာ ဒီကြားထဲ မာမာချာချာရှိနေတဲ့သဘောပဲ၊သူ့မိသားစုထဲမှာက သူ့ဇနီးနဲ့ နောက်တစ်ယောက် ထပ်တွေ့တယ်၊ဒီအတွက် သူ့မိသားစုထဲမှာတော့ contact (ထိတွေ့မှု) ရှိနေနိုင်တယ်၊ ကော်မရှင်အဖွဲ့ခွဲတွေ ကိုလည်း NHL အဖြေရတဲ့အထိ စစ်ဖို့လိုတယ်လို့ထင်တယ်။ RTD က ၇၂ နာရီပဲ သေချာတယ် silent ဖြစ်နေရင်မဖေါ်နိုင်ဘူး၊ NHL စက်ကတော့ ဖော်နိုင်တယ်၊NHL မှာတစ်ချက်ထပ်စစ်ဖို့လိုမယ်ထင်ပါတယ်”ဟု ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် မဲပေးသည့်လုပ်ငန်းစဉ်အား အနှောင့်အယှက်မဖြစ်နိုင်ဟု မြို့နယ်အုပ်ချုပ်ရေးမှုးက ယူဆထားသည်။ 

 မကွေးဒေသ ရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်၁၉ ကူးစက်မှုကို ကာကွယ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအတိုင်း သတိပြုကာ သွားလာနေထိုင်ကြစေလိုသည်ဟု မကွေးတိုင်းဆေးရုံအုပ်ကြီးဒေါ်ဝင်းဝင်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က တိုက်တွန်းထားပါတယ်။ နိုဝင်ဘာ ၅ရက်နေ့ နံနက် ၁၁နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မကွေးတိုင်းမှာ ပိုးထပ်တိုးလူနာသစ်(၂)ဦးရှိပြီး မကွေးတိုင်းအတွင်း ပိုးတွေ့လူနာစုစုပေါင်း(၇၃၅)ဦးရှိပြီဖြစ်ပါတယ်။

မကွေးပိုစ့်က ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က