သေဆုံးလူနာမိသားစုကတော့ ခရီးသွားရာဇဝင်ရှိတယ်လို့သိရပါတယ်။
Ye Yint Htay

မကွေးတိုင်း၊မင်းဘူးခရိုင်မှာ ကိုဗစ်ကူးစက်ခံရပြီး ပထမဆုံးအဖြစ် ကိုဗစ်လူနာတစ်ဦးစတင်သေဆုံးခဲ့တယ်လို့ခရိုင်ပြည်သူ့ဆေးရုံကသိရပါတယ်။

သေဆုံးသွားသူဟာ အသက် ၇၉နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာ ဆေးရုံကိုရောက်ရှိလာကာ ညပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ "မနေ့က ညနေပိုင်း ဆေးရုံလာတက်တာပါ၊ ညပိုင်းရောက်တော့ ဆုံးသွားတယ်။ အဆုတ်ကင်ဆာ၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါအခံရှိတယ်၊ သံသယရှိတဲ့အတွက် စစ်ကြည့်တဲ့အခါ Covid-19 ရောဂါပိုးတွေ့တယ်။မကွေးတိုင်းမှာ ဒေသတွင်းကူးစက်မူရှိနေတာကြာပြီ၊ ပိုးတွေ့ရှိမြို့အားလုံးမှာ ဒေသတွင်းကူးစက်မှုရှိကိုရှိနေတယ်လို့ ယူဆတယ်၊ ဒါကြောင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို တိကျစွာလိုက်နာကြဖို့ လိုအပ်တယ်"လို့ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ကပြောပါတယ်။

သေဆုံးတဲ့ လူနာဟာ မင်းဘူး၊ စကုမြို့နယ်နေထိုင်သူဖြစ်ပြီးခရီးသွားရာဇဝင်မရှိပေမယ့်၊ သေဆုံးလူနာမိသားစုကတော့ ခရီးသွားရာဇဝင်ရှိတယ်လို့သိရပါတယ်။ လက်ရှိမှာ တော့ သေဆုံးလူနာရဲ့မိသားစုဝင်တွေကို အသွားအလာကန့်သတ် စောင့်ကြည့်ထားပြီဖြစ်တယ်လို့သိရပါတယ်။ မင်းဘူးခရိုင်၊ စကုမြို့နယ်မှာဆိုရင်ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ အတည်ပြုလူနာပေါင်း(၆၄)ဦးရှိခဲ့ပြီး လူနာ ၆၀ဦးကတော့ ရောဂါသက်သာလာတဲ့အတွက်ဆေးရုံကနေဆင်းခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က