ဘေးအ န္တရာယ်ကင်းရှင်းစေရန် အရှိန်လျော့မောင်းနှင်ခြင်း၊အရှိန်ထိန်းမောင်းနှင်ခြင်းများပြုလုပ်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
Ye Yint Htay

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရဲ့မိုင်တိုင်အမှတ်-၃၁၀/၀ နဲ့ ၃၁၀/၁ အကြားမှာ လမ်းမကြီးမြေကျွံကျမှုဖြစ်ပွားခဲ့ပြီး ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ်များအဆင်ပြေစေရန်အတွက် အမြန်လမ်းမကြီး(ပြင်/ထိန်း)က ယာယီရှောင်လမ်းပြုလုပ်ပေးထားကြောင်း သိရပါတယ်။

Photo-အမြန်လမ်းမီးသတ်

"ဖြစ်စဉ်ကိုသိတာက မနေ့ကမနက် ၁၁ နာရီကျော်လောက်ကသိတယ်၊ သိသိချင်းမှာပဲအမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေ ကျွန်တော်တို့အမြန်လမ်းရဲတပ်ဖွဲ့ရယ်အမြန်လမ်း ပြင်/ထိန်းအဖွဲ့တွေရယ်သွားကြည့်ပြီး ညပိုင်းဖြတ်သန်းသွားမဲ့ကားတွေကို သတိပေးစာတွေဝေတယ်၊ လမ်းမှာလည်းတပ်ဖွဲ့ဝင်တွေက သတိပေးတာတွေလုပ်ပေးတယ်၊နောက်ပြီး ပြင်/ထိန်းအဖွဲ့တွေကချက်ချင်းယာယီရှောင်လမ်းလုပ်ပေးကြတယ်"လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Photo-အမြန်လမ်းမီးသတ်

အဆိုပါလမ်းမကြီးမြေကျွံကျတဲ့နေရာက မန္တလေးဘက်ခြမ်းမှာဖြစ်ကာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး အမြန်လမ်းမကြီးမီးသတ်တပ်ဖွဲ့စခန်းမှလည်း မြေကျွံကျတဲ့နေရာမရောက်ခင် မော်တော်ယာဉ်များကို ဘေးအ န္တရာယ်ကင်းရှင်းစေရန် အရှိန်လျော့မောင်းနှင်ခြင်း၊အရှိန်ထိန်းမောင်းနှင်ခြင်းများပြုလုပ်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

"ကျွန်တော်ညက ဖြတ်လာတော့ ရဲတွေ မီး သတ်တွေနဲ့တခြားသူတွေအများကြီးကိုတွေ့တယ်၊တစ်ခုခုဖြစ်လို့လားဆိုပြီးစိုးရိမ်သွားလို့မေးကြည့်မယ်အလုပ်မှာ ရဲတစ်ယောက်ရောက်လာပြီး လမ်းမကြီးမြေကျွံနေလို့ဖြေးဖြေးမောင်းဖို့လာအသိပေးပါတယ်၊မြေကျွံတဲ့နေရာကတော်တော်များတယ်၊ပြန်ပြင်ဆင်နေတာတော့တွေ့ခဲ့ရပါတယ်"လို့ နိုဝင်ဘာ ၆ ရက်ညပိုင်းက အမြန်လမ်းမကြီးအားဖြတ်သန်းမောင်းနှင်လာခဲ့တဲ့ ကိုဇော်ရဲလွင်ကပြောပါတယ်။ 

အလွတ်တန်းသတင်းထောက် ကျော်သူပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က