မဲရလဒ်အားလုံး ကော်မရှင်က မသိသေးဟု ပြန်လည်ပြောဆိုပါတယ်။

ချင်းပြည်နယ်တစ်ခုလုံးမှာ NLDကိုယ်စားလှယ်လောင်းတွေအားလုံးအနိုင်ရှိတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပေမယ့် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကတော့ အတည်ပြုပြောကြားနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ 

ဒီကနေ့ မွန်းလွဲပိုင်းအချိန်ထိ မြို့နယ်အလိုက် မဲရလဒ်တွေက ကော်မရှင်ရုံးခွဲကို တစ်မြို့နယ်ထဲသာ ရောက်ရှိသေးတာဖြစ်လို့ အားလုံးအနိုင်ရရှိတယ်ဆိုတာကို အခုချိန်မှာ အတည်မပြုနိုင်သေးဘူးလို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေသိရပါတယ်။ 



“သတင်းတွေကတော့ တက်နေကြတာပဲ။ သတင်းသမားတွေက သူတို့သက်ဆိုင်ရာ မြို့နယ်အလိုက်တွေဆက်ပြီး ရေးနေကြတာတော့ရှိတယ်။ ကျွန်တော်တို့ဆီကိုတော့ မဲရလဒ်တွေက မြို့နယ်အားလုံးမရောက်သေးဘူး။ တစ်မြို့နယ်ပဲရောက်သေးတယ်။ ကြားသိရသလောက်တော့ နေရာတော်တော်များများမှာ NLD ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိတယ်လို့ တော့ သိရတယ်” လို့ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးလင်းကျော်က Duwun ကိုပြောပါတယ်။ 

မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ အနိုင်ရလိုစိတ်တွေများပြီး သံသယစိတ်တွေနဲ့ မဲလက်မှတ်ကိစ္စအငြင်းပွားမှုပြဿနာလေးတွေရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ ပြည်နယ်တစ်ခုလုံးရဲ့ မဲရလဒ်တွေကို မသိရသေးဘဲ အားလုံးသိရှိရပါက ကော်မရှင်အနေနဲ့ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ ဦးလင်းကျော်ကပြောပါတယ်။ 

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ချင်းပြည်နယ်မှာ မဲရုံပေါင်း (၉၅၇)ရုံနဲ့ မဲပေးခွင့်ပြည်သူက (၂၈၀,၀၀၀) နှစ်သိန်းရှစ်သောင်းကျော်ရှိပြီး မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ရာခိုင်နှုန်းအရေအတွက်ကိုလည်း တွက်ချက်နေဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က