NLD ကိုယ်စားလှယ်လောင်းအားလုံးအနိုင်ရရှိခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညနေပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ လသာမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး မဲပေးသူအားလုံးရဲ့ မဲပေးမှု ၈၀ %အထက်ရရှိခဲ့ကြတာပါ။ NLD ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြိုင်ဘက်ပါတီကိုယ်စားလောင်းတွေကို မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။ 



လသာမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်မို့မို့အောင်၊ တိုင်း(၁) လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒေါ်ယဉ်ယဉ်မြင့်၊ တိုင်း (၂) လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဒေါ်အေးမြမြမျိုးတို့က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယှဉ်ပြိုင်ခဲ့ရတဲ့ ပါတီတွေအနေနဲ့ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့နဲ့ အဓိက ယှဉ်ပြိုင်ခဲ့ကြရတာဖြစ်ပါတယ်။ 

တိုင်း (၂)လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အနိုင်ရရှိခဲ့တဲ့ ဒေါ်အေးမြမြမျိုးက လသာမြို့နယ်အတွက် ဒီနှစ်မှာ ပထမဆုံးဝင်ရောက်အရွေးချယ်ခံခဲ့တဲ့သူဖြစ်ပါတယ်။ ၂၀၂၀ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ လက်ရှိရရှိထားတဲ့ နောက်ဆုံးရလဒ်တွေအရ တိုင်းဒေသကြီးနဲ့ မြို့နယ်အများစုမှာ NLD ပါတီသာအနိုင်ရရှိထားတာဖြစ်လို့ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာရှိနေတယ်လို့လည်း ပါတီပြောရေးဆိုခွင့်ရှိသူတွေက ပြောကြားထားပါတယ်။

လက်ရှိအချိန်ထိတော့ ရွေးကောက်ပွဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး ရေတွက်ပြီးစီးတဲ့ မြို့နယ်အလိုက်ကိုယ်စားလှယ်လောင်းတွေကိုလည်း UEC က ထုတ်ပြန်ကြေညာပေးနေပါတယ်။

Share

Loading Next Article...
က္က