ကလောမြို့နယ် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ကလောမြို့နယ်၊ မဲဆန္ဒနယ်ကနေ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာ နန္ဒာလှမြင့်က သူ့ကို အားပေးထောက်ခံသူတွေရှိခဲ့ပေမယ့်လည်း အနိုင်မရရှိခဲ့တာကြောင့် တောင်းပန်ခဲ့သလို အားပေးထောက်ခံသူတွေရဲ့ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်တဲ့အတွက် အထူးပဲစိတ်မကောင်းဖြစ်ရတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်အရ ဒေါက်တာနန္ဒာလှမြင့်က မဲအရေအတွက် သုံးသောင်းကျော်ရရှိခဲ့ပေမယ့် NLD ပါတီကိုယ်စားလောင်းကို ရှုံးနိမ့်ခဲ့တာပါ။ အနိုင်၊အရှုံးထက် နိုင်ငံသူ၊ နိုင်ငံသားများ လုံခြုံစွာ၊ အေးချမ်းစွာနဲ့ ပြည့်စုံချမ်းသာစွာနေထိုင်နိုင်ဖို့ အားလုံးလက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်းဆိုပါတယ်။ 



သူ့အနေနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အနိုင်ရရရှိသွားကြတဲ့ ကိုယ်စားလှယ်လောင်းများအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။ 

ဒေါက်တာနန္ဒလှမြင့်က အဓိကပြိုင်ဘက်ပါတီဖြစ်တဲ့ NLD ကိုယ်စားလှယ်လောင်း ဒေါ်ပြုံးကေသီနိုင်နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒေါ်ပြုံးကေသီနိုင်က ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ကို မဲအရေအတွက် (၈၀၀၀)ကျော်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိအစိုးရ သက်တမ်း (၅)နှစ်အတွင်းမှာလည်း ဒေါ်ပြုံးကေသီနိုင်ရဲ့ ဒေသအတွက်လုပ်ဆောင်ချက်တွေက ကောင်းမွန်ခဲ့ပြီး ပြည်သူတွေသဘောကျလက်ခံခဲ့တဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က