ဆွဲကြိုးတစ်ကုံး၊ လက်ကောက်တစ်ကွင်း၊ လက်စွပ် သုံးကွင်း၊ စိန်နားကပ်တစ်ရံ ၊ ပိုက်ဆံ ၁၀ သိန်း ပါရှိသွားတယ်လို့သိရပါတယ်။
Ei Ei Mar

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားအလွန် စီးတီးရပ်ကွက်မှာ နေအိမ်တစ်အိမ်ကို အနုကြမ်းစီးမှုဖြစ်ပွားခဲ့တယ်လို့ စီးတီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်ကနေ ဆွဲကြိုးတစ်ကုံး၊ လက်ကောက်တစ်ကွင်း၊ လက်စွပ် သုံးကွင်း၊ စိန်နားကပ်တစ်ရံ ၊ ပိုက်ဆံ ၁၀ သိန်း ပါရှိသွားတယ်လို့သိရပါတယ်။

ကျူးလွန်ခဲ့သူတွေက လေးယောက်ရှိပြီး လက်ရှိမှာတော့ လိုက်လံရှာဖွေနေဆဲသာဖြစ်တယ်လို့သိရပါတယ်။


အနုကြမ်းစီးခံရသော နေအိမ်

“ဖြစ်တာက ၁၁ ကျော်ကျော်လောက်မှာဖြစ်သွားတာ။ ကောင်မလေးရေချိုးပြီးအဝင်ကို သူက လူလေးယောက်ကခေါင်းမူးခြုံထားပြီးတော့ ကောင်မလေးအဝင်ကိုဖမ်းတယ်။ အမှန်က ေ ကာင်မလေးအဖေကအနောက်ဖက်မှာိတယ်တဲ့ဗျ၊ ကောင်မလေး ရေချိုခန်းကအထွက် သူ့အခန်းထဲအဝင်ကို ဖမ်းချုပ်ပြီး သူက သော့ကတန်းလန်းထားတော့ အဲဒီထဲကနေ ရှိတဲ့ဟာ ယူချသွားတာလို့ပြောတယ်။ခုချက်ခြင်းလိုက်နေတာကို ဘယ်ကမှ ရှာမတွေ့သေးဘူး။ သဲလွန်စမရသေးဘူး။ရဲစခန်းမှာတော့ ဒီလို ဝင်လုသွားတယ်ဆိုတာတော့ တိုင်ချက်ဖွင့်ထားတယ်။လာစစ်သွားတာတော့ မြို့နယ်ရော၊ စခန်းမှူးရော၊ ခရိုင်ရော ၊ ကျန်တဲ့နယ်ထိန်းခေါင်းဆောင်အဖွဲ့တွေရောအကုန်လာစစ်သွားတယ်။ ခုက ဂိတ်တွေကလည်းပိတ်ထားတယ်။ လမ်းကြိုလမ်းကြားသိပြီး အဝင်အထွက်လုပ်တာဖြစ်မယ်။ တစ်ပေါက်ပေါက် ပွင့်နေတာဖြစ်မယ်။ အဲ့ဒါကြောင့် အပြင်ဘက်ထွက်တာ မသိတာဖြစ်မယ်။”လို့ စီးတီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

အခုကာလ ဟာ ကိုဗစ်ကာလဖြစ်လို့ ရပ်ကွက်တိုင်းမှာ ကိုဗစ် စစ်ဆေးရေးဂိတ်တွေဖွင့်လှစ်ထားရဲ့သားနဲ့ ခုလို အနုကြမ်းစီးတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။ယခင်က စစ်ကိုင်းမှာခုလို အနုကြမ်းစီးတဲ့ဖြစ်စဉ်မျိုးမရှိခဲ့ဘူးလို့လည်းပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်း အမှတ် ၂ နယ်မြေရဲစခန်းမှ ရဲအုပ် ကျော်သန်းက “လက်ရှိမှာ လုယက်မှုဆိုတော့ လုယက်မှုနဲ့ဖွင့်ထားပါတယ်။ တရားခံကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ လုယက်မှုကျူးလွန်သူတွေကို စုံစမ်းရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


Author


က္က