ယခုအချိန်ထိရွေးကောက်ပွဲရလဒ်တွေမပြီးသေးဘူးလို့ဆိုပါတယ်။

၂၀၂၀ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပါတီ အားပေးထောက်ခံတဲ့သူတွေလိုချင်တဲ့ ရလဒ်ဖြစ်အောင် ဥပဒေဘောင်အတွင်းကနေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးကပြောပါတယ်။



ရွေးကောက်ပွဲရဲ့ မဲရေတွက်ခြင်းနဲ့ အနိုင်ရကိုယ်စားလှယ်လောင်းတွေကြေညာခြင်းက မပြီးဆုံးသေးဘဲ အငြင်းပွားစရာ ကိစ္စရပ်အမြောက်အမြားတွေရှိနေသေးတာကြောင့် လက်ရှိထွက်ပေါ်နေတဲ့ ရလဒ်တွေက ရလဒ်အမှန်မဟုတ်သေးဘူးလို့ ဆိုပါတယ်။ 



" ရွေးကောက်ပွဲရဲ့ မဲပေးခြင်းလုပ်ငန်းစဉ်တွေပြီးသွားပေမယ့် ဒီဖြစ်စဉ်တစ်ခုလုံးဟာ ဥပဒေနဲ့အညီ ဖြစ်သလား၊ မဖြစ်ဘူးဆိုတာက အငြင်းပွားစရာတွေရှိခဲ့တယ်။ အခုလည်းဆက်လက်ရှိနေဆဲဖြစ်တယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဥပဒေနဲ့ဖြေရှင်းစရာတွေကျန်နေပါသေးတယ်။ နိုင်ငံရေးပါတီဆိုတာ ပါတီတစ်ခုတည်း လုပ်ဆောင်လို့မရဘူး။ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု၊ ပူးပေါင်းးပါဝင်မှုကလည်းအရေးကြီးလို့ ရွေးကောက်ပွဲရဲ့ ရလဒ်ကို ပါတီ အားပေးထောက်ခံတဲ့သူတွေလိုချင်တဲ့ ရလဒ်ဖြစ်အောင် ဥပဒေဘောင်အတွင်းကနေ ဆက်လက်လုပ်ဆောင်သွားမယ်" လို့ ဦးသန်းဌေးက ပြောပါတယ်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို စတင်ဖွဲ့စည်းစဉ်ကတည်းက အားနည်းချက်တွေရှိခဲ့တာ အကြိမ်ကြိမ်ထောက်ပြခဲ့ပြီး ထောက်ပြခဲ့တဲ့အတိုင်းလည်း မမျှတမှုတွေဖြစ်ပေါ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပါတီရဲ့လုပ်ဆောင်ချက်တွေမပြီးသေးတဲ့အတွက် ဥပဒေပြင်ပကဖြစ်နေတဲ့ ကိစ္စအားလုံးကို ဥပဒေဘောင်အတွင်းကဖြစ်အောင် ဆက်လက်ကြိုးစားမယ်လို့ ဦးသန်းဌေးက ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က