မတင်သွင်းနိုင်ပါက ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသူအဖြစ်ကြေညာသွားမှာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးချယ်ခံခဲ့ဲကြတဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ရက်ပေါင်း (၃၀)အတွင်းမှာတင်သွင်းကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ကြေညာတဲ့ရက်ကစပြီး ရက်ပေါင်း (၃၀)အတွင်းမှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်း ပုံစံ (၂၀)နဲ့ တင်သွင်းရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်းမှာ ကိုယ်စားလှယ်တွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်ပြနိုင်ပါက ရွေးကောက်ပွဲနည်းဥပဒေ (၈၄)အရ ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။ 



နိုဝင်ဘာ(၈)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ မဲရေတွက်မှုတွေကိုဆက်လက်လုပ်ဆောင်နေပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်စာရင်းကို UEC က ထုတ်ပြန်ကြေညာပေးနေပါတယ်။ ကိုယ်စားလှယ်စာရင်းထုတ်ပြန်ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း (၃၀)အတွင်း တင်သွင်းရမှာ ဖြစ်တဲ့အတွက် ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ စာရင်းပေးသွင်းရမယ့်အချိန်ကာလကတော့ ကွာခြားချက်ရှိနေမှာပါ။ 

လက်ရှိအချိန်ထိလည်း UECက တရားဝင်ထုတ်ပြန်တဲ့ အနိုင်ရကိုယ်စားလှယ်လောင်းစာရင်းက တစ်နိုင်ငံလုံးအတိုင်းအတာရဲ့၃၀ရာခိုင်နှုန်းလောက်သာကြေညာနိုင်ပါသေးတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ အချိန်မီ မတင်သွင်းနိုင်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာမှာဖြစ်လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းနိုင်ရန်လုပ်ဆောင်ကြရန်လည်း UEC က အသိပေးထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က