NLD အနေနဲ့အနိုင်ရရှိထားပြီဆိုတာကိုလည်း အထောက်အထားတွေနဲ့ပြနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်ပြီးဆုံးသွားပေမယ့် ဒီဖြစ်စဉ်တစ်ခုလုံးဟာ ဥပဒေနဲ့ အညီဖြစ်သလား၊ မဖြစ်ဘူးလားဆိုတာအငြင်းပွားစရာတွေရှိခဲ့သလို၊ ဆက်လက်လည်းရှိနေဆဲဖြစ်တဲ့အတွက် ရွေးကောက်ပွဲအပြီးသတ်အဖြေရတဲ့အထိ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက မနေ့က လူမှုကွန်ရက်ကနေတစ်ဆင့် ပြောကြားခဲပါတယ်။

အခုလိုပြောကြားခဲ့တာနဲ့ပတ်သက်လို့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အငြင်းပွားစရာကိစ္စတွေကို ဥပဒေအရ အထောက်အထားတွေနဲ့ တင်ပြနိုင်မယ်ဆိုရင် လက်ရှိအာဏာရပါတီအနေနဲ့ကလည်း ဥပဒေအတိုင်းဖြေရှင်းမယ်လို့ NLDပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကိုပြောပါတယ်။



"ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် အခုလိုပဲ ရွေးကောက်ပွဲအပြီးမှာ အငြင်းပွားမှုတွေက ဖြစ်နေကျပါ။ အခုလို ကိစ္စတွေနဲ့ ပတ်သက်ပြီးအထောက်အထားတွေနဲ့ပဲတိုင်ကြားပါ။ အထောက်အထားပေါ်မူတည်ပြီး ဥပဒေအတိုင်းပြန်လည်ခုခံဖြေရှင်းပါမယ်"လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ လက်ရှိရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး UEC က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမယ့် NLD ပါတီအနေနဲ့ကတော့ အစိုးရဖွဲ့နိုင်တဲ့ ပမာဏထက်ကျော်လွန်ပြီး အနိုင်ရရှိထားပြီဖြစ်တယ်လို့လည်း ပါတီတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။ 

အခုလို NLD ပါတီအနိုင်ရရှိပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ရွေးကောက်ပွဲရလဒ်တွေမပြီးသေးသလို UEC ကတရားဝင်ထုတ်ပြန်ထားမဟုတ်တဲ့အတွက် နောက်ဆုံးရလဒ်အထိ ဥပဒေနဲ့လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာပါ။ NLD ပါတီအနေနဲ့ကတော့ လက်ရှိမဲရလဒ်တွေကို UEC ကတရားဝင်မထုတ်ပြန်သေးပေမယ့်လည်း NLD ပါတီအနိုင်ရရှိထားပြီဆိုတဲ့ကြောင်းကို အထောက်အထားတွေနဲ့အညီ ပြနိုင်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ 

လက်ရှိမှာတော့ UEC အနေနဲ့ အနိုင်ရရှိတဲ့ ကိုယ်စားလှယ်စာရင်းတွေကို ထုတ်ပြန်ကြေညာပေးနေပေမယ့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အနိုင်ရရှိတဲ့ စာရင်းချုပ်ကိုတော့ ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးချင်းဆီရဲ့ တင်ပြချက်တွေအရ နေရာအများစုမှာ NLD ကိုယ်စားလှယ်လောင်းတွေသာ အနိုင်ရရရှိခဲ့တာဖြစ်လို့ ပါတီဝန်းရံထောက်ခံအားပေးသူတွေအနေနဲ့ကလည်း အောင်ပွဲခံမှုတွေကို ပြုလုပ်နေကြပါတယ်။

Share

Loading Next Article...
က္က