ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
Ei Ei Htun

ရွေးကောက်ပွဲနေ့က မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ ဆရာမ အများစုဟာ NLD ကိုထောက်ခံတဲ့သူတွေဖြစ်ပြီး ကြားနေဆရာ၊ ဆရာမတွေ မဖြစ်တာကို မြင်တွေ့ရတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ဒီကနေ့ နိုဝင်ဘာ (၁၁) ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ရွေးကောက်ပွဲနေ့မှာလည်း မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆရာ၊ဆရာအင်အားတွေမလုံလောက်တာကြောင့် Volunteer အဖွဲ့က လူငယ်တွေကိုလည်း ဖွဲ့စည်းပြီး မဲရုံတွေမှာ တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အဆိုပါ Volunteer လူငယ်တွေက NLD ပါတီဘက်က လေ့ကျင့်ပေးထားတဲ့ လူငယ်တွေဖြစ်တာကြောင့် ဒါကလည်း ရွေးကောက်ပွဲအတွက် သံသယဖြစ်စရာလို့လည်း ပြောခဲ့ပါတယ်။

လူငယ်တွေကို မဲထည့်တဲ့လုပ်ငန်းတွေ၊ စာရင်းဇယားအလုပ်တွေကိုလုပ်ခိုင်းခဲ့ပြီး ဆရာ၊ဆရာမတွေကို မဲရုံရှေ့မှာကျန်းမာရေးနဲ့ ပတ်သက်တဲ့ လက်ဆေးရည်ဖြန်းတာ၊ Mask ဝေတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ခိုင်းခဲ့တာက မှားယွင်းနေတဲ့အချက်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေက သံယဖြစ်စရာတွေလို့ ပြည်ခိုင်ဖြိုးတာဝန်ရှိသူတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာကိစ္စရပ်တွေရှိခဲ့တာကြောင့် ဥပဒေဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက မနေ့ နိုဝင်ဘာ (၁၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားထားပါတယ်။ 


ဒီကနေ့နိုဝင်ဘာ (၁၁) ရက်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးရုံးမှာ ကျင်းပလျှက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က