(၁၁)ရက်မြောက်နေ့မှာ ဓာတ်ခွဲနမူနာရယူပြီး ဒုတိယအကြိမ်ထပ်စစ်သွားမှာပါ။

ပြည်ပက ပြန်လာတဲ့သူတွေအပါအဝင် ကိုဗစ်အတည်ပြုလူနာနဲ့ ထိတွေ့ထားသူတွေကို ရောဂါပိုးရှိ၊မရှိ နှစ်ကြိမ်စစ်ဆေးသွားမှာဖြစ်ပြီး ပထမတစ်ကြိမ်ကို ကွာရန်တင်းစင်တာရောက်ရှိပြီး (၃)ရက်အတွင်းအမြန်စစ်ဆေးပေးမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

လူနာနဲ့ ထိတွေ့ထားတဲ့နောက်ဆုံးရက်ကနေစပြီး (၃)ရက်အတွင်းမှာ ရောဂါပိုးရှိ၊ မရှိကို အမြန်သိရှိနိုင်ရန် Test Kit တွေနဲ့ ပထမအကြိမ် စစ်ဆေးပေးသွားမှာပါ။စစ်ဆေးရာမှာ ပိုးတွေ့ခဲ့ရင်တော့ သက်ဆိုင်ရာ ဆေးရုံ ၊ကုသရေးစင်တာတွေကို လွှဲပြောင်းကုသပေးသွားမှာပါ။ ပထမအကြိမ် စစ်ဆေးမှုမှာ Negativeအဖြေထွက်ခဲ့ရက်လည်း ကွာရန်တင်း ဆက်ဝင်နေရမှာဖြစ်ပြီး (၁၁)ရက်မြောက်နေ့မှာ ဒုတိယ အကြိမ်အဖြစ် ဓာတ်ခွဲနမူနာ ရယူကာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။



စစ်ဆေးတဲ့ နှစ်ကြိမ်လုံးမှာ negativeပြခဲ့သော်လည်း သံသယလက္ခဏာတွေတွေ့ရှိခဲ့ပါက ကုသခြင်းလုပ်ငန်းတွေကို အချိန်မှီဆောင်ရွက်နိုင်ရန် အတွက် လူနာနဲ့နောက်ဆုံးထိတွေ့ခဲ့တဲ့နေ့ကစပြီး ကွာရန်တင်းရက် (၁၄)ရက်ပြည့်အောင်ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီသတ်မှတ်ချက်ကိုတော့ နိုဝင်ဘာလ (၁၀)ရက်နေ့ကပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

စက်တင်ဘာလအတွင်းမှာ ကွာရန်တင်း(၂၁)ရက်ကို နေရာအခက်အခဲတွေကြောင့် (၁၄)ရက်ပြင်ဆင်သတ်မှတ်ခဲ့ပြီး အောက်တိုဘာလကစလို့ ကွာရန်တင်းဝင်ရောက်နေတဲ့သူတွေကို (၅)ရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ပေးကာ ရောဂါပိုးမတွေ့ရှိရင်တော့ နေအိမ်တွေမှာပဲ stay at home တစ်ပတ်ဆက်လက်နေခိုင်းခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကကစားဝန်ကြီးဌာန နိုဝင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ (၆၄၄၅၃)ဦးရှိကာ သေဆုံးလူနာ (၁၄၆၁)ဦးနဲ့ ပြန်လည်ကောင်းမွန်လာသူ(၄၈၅၃၂)ဦးရှိပါတယ်။လက်ရှိဆေးကုသမှု ခံယူနေတဲ့လူနာ (၁၄၄၄၁)ဦးသာ ကျန်ရှိနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က