ဦးစားပေးအုပ်စုလိုက်ခွဲပြီးသာ ထိုးနှံပေးသွားမှာပါ။

ကိုဗစ်ကာကွယ်ဆေးပေါ်ပေါက်လို့ မြန်မာနိုင်ငံကိုရောက်ရှိလာပါကလည်း နိုင်ငံတစ်ဝှမ်းလုံး ကာကွယ်ဆေးထိုးနှံဖို့က မဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ လက်ရှိကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်လိုက်နာကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အသိပေးပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး ရရှိလာပါက ဦးစားပေးထိုးနှံပေးရမယ့် အုပ်စုသတ်မှတ်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေး ရရှိလာပါက ရရှိတဲ့ဆေးအရေအတွက်ပမာဏ၊ ကာကွယ်ဆေးရဲ့ရောဂါကာကွယ်နိုင်တဲ့အချိန်ကာလအတိုင်းအတာ၊ ထားသိုရမယ့်နေရာတွေနဲ့ စနစ်တကျဆောင်ရွက်သွားမှာပါ။



အဓိက ဦးစားပေးအနေနဲ့ကတော့ ရောဂါကူးစက်နိုင်ချေများသူများ၊ အသက်ကြီးပြီးရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါကူးစက်ပျံ့နှံ့မှုများတဲ့ဒေသတွေမှာ ဦးစားပေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးပေါ်ပေါက်လာတဲ့အခါမှာလည်း အာနိသင်မပြည့်ဝတဲ့ ကာကွယ်ဆေးများ တရားမဝင်ဝင်ရောက်လာနိုင်မှုတွေရှိတာကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေနဲ့ အထူးကြပ်မတ်စစ်ဆေးမှုနဲ့ ပြည်သူတွေထံအသိပညာပေးမှုတွေလည်း လုပ်ဆောင်သွားမှာပါ။ လက်ရှိမှာတော့ ကျန်းမာရေးတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကို ၂၀၂၁လောက်မှာ ကိုဗစ်ကာကွယ်ဆေး ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က