ဒီနေ့ နိုဝင်ဘာ (၁၃) ရက်စပြီး သတ်မှတ်လိုက်တာပါ
Mi Thawdar Aung

အောင်လံမြို့နယ်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေ အချိန်တိုကာအတွင်း များပြားလာတာကြောင့် ရောဂါကူးစက်ပြန့်နှံ့မှု ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ဖို့ ဒုတိယအကြိမ် Stay Home အဖြစ် သတ်မှတ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောင်လံမြို့နယ်ရှီ မြို့ပေါ်(၉)ရပ်ကွက်မှ ပြည်သူတွေ မိမိနေအိမ်အတွင်း နေထိုင်ကြဖို့ ဒီနေ့ နိုဝင်ဘာ (၁၃) ရက်စပြီး သတ်မှတ်လိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာပါ။

အောင်လံမြို့မှာ ပထမအကြိမ် Stay at Home ကာလကို အောက်တိုဘာလ(၁၂)ရက်မှ (၂၂)ရက်အထိ သတ်မှတ်လိုက်ပြီး ဒုတိယအကြိမ် Stay at Home ကာလကို နိုဝင်ဘာလ (၁၃)ရက်မှ (၂၇)ရက်နေ့အထိ သတ်မှတ်လိုက်တယ်လိုက်တယ်လို့ အမိန့်ထုတ်ပြန်ချက်တွေအရသိရပါတယ်။

 ဒါ့အပြင် သရက်-အောင်လံကူးတို့လိုင်းတွေကိုလည်း ပိတ်သိမ်းထားတယ်လို့လည်း မြင်းကောင်ရေ(၂၀) အောက်စက်တပ်ရေယာဉ်အသင်းက ပြောပါတယ်။

လက်ရှိ အောင်လံမြို့နယ်အတွင်း ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ (၁၅၉) ဦးရှိပြီး အောင်လံဇာတိမဟုတ်သူက (၆) ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အောင်လံမြို့ပေါ်က ကျေးရွာတွေမှာ ကွာရန်တင်းစင်တာ (၆) ခုဖွင့်လှစ်ထားပြီး အသွားအလာကန့်သတ်ထားသူကလည်း (၁၅၀) ဦးကျော်ရှိတယ်လို့လည်း စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ ဦးစောဝင်းထံကနေ သိရပါတယ်။



မ‌ကွေးပို့စ်မှ ပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က