မီဒီယာတွေအပေါ်ခုလိုဆက်ဆံခဲ့တဲ့အပေါ်မှာလည်း ကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။
Ei Ei Htun

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီကကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပါတီဝန်းရံသူများဟုဆိုသူများနဲ့ သတင်းသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီအနေနဲ့ သတင်းမီဒီယာသမားများကို ပြန်လည်တောင်းပန်ရန် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းက သဘောထားထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတင်းမီဒီယာသမားများအပေါ် အခုလိုပြုမှုဆက်ဆံတဲ့အပေါ်မှာ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ အခုလိုလုပ်ရပ်နဲ့ပတ်သက်လို့ ပါတီအနေနဲ့ တာဝန်ယူဖြေရှင်းပြီး တောင်းပန်ရန်လိုအပ်တယ်လို့ သဘောထားထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရန်ကုန်မြို့ ပြည်ခိုင်ပါတီရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ သတင်းသမားတွေနဲ့ ပါတီဝန်းရံသူဟုဆိုသူတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့ပါတယ်။ 

တက်ရောက်သတင်းယူခဲ့တဲ့သတင်းသမားတွေကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရားမျှတမှုရှိတဲ့ရွေဍကောက်ပွဲလို့ထင်လား ဆိုတဲ့မေးခွန်းကို ပါတီဝန်းရံသူဟုဆိုသူတွေက မေးခဲ့တာကြောင့် သတင်းသမားတွေက သတင်းလာယူခြင်းသာဖြစ်လို့ ဆန္ဒသဘောထားကို မေးခွင့်မရှိဘူးလို့ပြန်လည်ပြောတဲ့အခါမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွါးခဲ့ကြတာပါ။

ဒီလိုလုပ်ရက်ဟာ သတင်းမီဒီယာသမားများရဲ့လွတ်လပ်စွာသတင်းရယူခွင့်နဲ့ သတင်းမေးမြန်းခွင့်ကို လစ်လျူရှုကာ ခြိမ်းခြောက်တဲ့ သဘောအဓိပ္ပာယ်သက်ရောက်စေတယ်လို့ မြန်မာစာသတင်းစာဆရာများအသင်းအနေနဲ့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ တရားဝင်ရပ်တည်နေတဲ့ မိမိတို့အဖွဲ့အစည်းဂုဏ်သိက္ခာနဲ့ လျော်ညီစွာ သတင်းမီဒီယာများကိုတောင်းပန်ဖို့လိုတယ်လို့ ထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က