တစ်နေ့ကို လူ (၁၀၀၀)လောက် စစ်ဆေးနိုင်မယ့် ဓာတ်ခွဲခန်းပါ။

မန္တလေးမြို့မှာတည်ဆောက်နေတဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းအသစ်ကြီးတည်ဆောက်နေမှုဟာ ရာခိုင်နှုန်းပြည့်ဆောက်လုပ်ပြီးစီးသွားပြီဖြစ်လို့ လာမယ့်တနင်္လာနေ့ မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

Covid-19 ရောဂါအပြင်တခြားသောရောဂါတွေကိုပါ ဓာတ်ခွဲစစ်ဆေးပေးနိုင်မှာဖြစ်ပြီး ဒီဓာတ်ခွဲခန်းအသစ်ကြီးက နိုင်ငံတကာအဆင့်မီစံချိန်စံညွှန်းတွေနဲ့တည်ဆောက် ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ခွဲခန်းအသစ်ကြီးမှတာ့ နေ့စဉ်လူအယောက်တစ်ထောင်ကျော်ကိုစမ်းသပ်စစ်ဆေးပေးနိုင်မှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောပါတယ်။



ဒီဓာတ်ခွဲခန်းအသစ်ကြီးက ဇီဝလုံခြုံရေးအဆင့်(Bio Safety Level +2)ရှိပြီး အဆောက်အဦပုံစံက RC နှစ်ထပ်ခွဲ၊ အလျား ၆၉ ပေနဲ့အနံ ၅၉ ပေ၊ အကျယ်အဝန်း စတုရန်းပေ ၁၀၆၃၁ ခန့်ကျယ်ဝန်းတဲ့အဆောက်အဦအတွင်း နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းတွေ၊ နည်းပညာဖလှယ်တဲ့သင်တန်းခန်းမတွေ ပါဝင်တယ်လို့ သိရပါတယ်။

“NHL စံချိန်စံညွှန်းနဲ့ဆောက်ခဲ့တာပါ၊ အခုက ရာခိုင်နှုန်းပြည့်ပြီးစီးသွားပြီဖြစ်လို့ လာမယ့်နိုဝင်ဘာလ ၁၆ ရက်နေ့(တနင်္လာနေ့)မှာဖွင့်လှစ်သွားတော့မှာပါ၊ အဲဒီနေ့က စပြီး ဓာတ်ခွဲခန်းအသစ်ကြီးမှာ စစ်ဆေးမှုတွေစတင်ဆောင်ရွက်တော့မှာပါ “လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဆရာဝန်ကြီးဒေါက်တာသန်းသန်းမြင့်က Duwun ကိုပြောပါတယ်။

နောက်ပိုင်းမှာဒီဓာတ်ခွဲခန်းအသစ်ကြီးမှာပဲ အထက်မြန်မာပြည်တစ်ခုလုံးက Covid-19 ရောဂါအပြင်တခြားသောရောဂါတွေကိုပါ ဓာတ်ခွဲစစ်ဆေးပေးသွားမှာပါ။ ဒီနိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းအသစ်ကြီးကို မန္တလေး မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနဲ့၆၆ လမ်းကြား ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနဝင်းအတွင်းမှာ ပြီးခဲ့တဲ့ဇွန်လကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး မန္တလေးမြို့ပြဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေရှာဖွေရေး ကော်မတီကလှူဒါန်းတဲ့ငွေနဲ့ ကျပ်သိန်းပေါင်း ၁၁၇၀၀၀ အကုန်အကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က