တစ်ရုံးလုံးမှာ ဥက္ကဌအပါအဝင် ၈ ဦးရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တစ်ခုလုံးမှာ ကော်မရှင်ဥက္ကဋ္ဌနဲ့ ဦးစီးအရာရှိမှလွဲပြီး ကျန်သူအားလုံး ကိုဗစ်ကူးစက်ခံထားရတယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ ကိုဗစ်ပိုးတွေ့ရှိထားတဲ့ သူတွေကို အလုပ်သမားဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။ "တစ်ဖွဲ့လုံးမှာ ကျွန်တော်ဥက္ကဌနဲ့ ဦးစီးအရာရှိလွတ်တယ်။ ၆ ယောက်ကတော့ ဒီနေ့ဆေးစစ်လိုက်တော့ positive ဖြစ်လို့ အလုပ်သမားဆေးရုံကိုပို့ထားတယ်။ ကျွန်တော်က အိမ်မှာပဲသီးခြားစောင့်ကြည့်မှုခံယူနေတယ်"လို့ ဦးရှိန်ဝင်းကပြောပါတယ်။



ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က မန္တလေး တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးမှာ စာရင်းအဖွဲ့ဝင်တစ်ဦး ဖျားနာခဲ့တာကြောင့် ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့ရာကနေ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်းကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းကော်မရှင် ရုံးကလူတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့ရာမှာ ကော်မရှင်အတွင်းရေးမှူးအပါအဝင် ၆ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စ နဲ့ပတ်သက်ပြီး တိုင်းကော်မရှင် အတွင်းရေးမှူး ဦးကျော်ကျော်စိုးက"ဟုတ်တယ် တစ်ရုံးလုံး ဆေးရုံရောက်နေတယ်။ဆေးရုံရောက်သွားပြီး တစ်ရုံးလုံး ကူးလို့ ဟုတ်ပါတယ် ၊မှန်ပါတယ်။တစ်ရုံးလုံးမှာ ၈ ယောက်ရှိပါတယ်" လို့ ပြောပါတယ် ။ လက်ရှိ မန္တလေး တိုင်းဒေသကြီးမှာ ကိုဗစ်ကူးစက်ခံခဲ့ရသူပေါင်း ၃၀၀၀ ကျော်ရှိထားပြီ၊ သေဆုံးသူက ၁၈ ဦးအထိရှိထားတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က