နိုဝင်ဘာလ ၈ ရက်နေ့နောက်ပိုင်းရရှိတဲ့စာရင်းတွေအရလည်းဖြစ်ပြီး အဲဒီစာရင်းတွေအရ တစ်ရက်ကိုအတည်ပြုလူနာ ရှစ်ဆယ်ထက် မနည်းတွေ့ရှိနေတာပါ။

မန္တလေးမြို့မှာ ရွေးကောက်ပွဲအပြီးတစ်ပတ်အတွင်းမှာ ကိုဗစ်ရောဂါအတည်ပြုလူနာငါးရာကျော်ထွက်ပေါ်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဆီကနေရရှိတဲ့စာရင်းတွေအရသိရပါတယ်။

ဒါဟာနိုဝင်ဘာလ ၈ ရက်နေ့နောက်ပိုင်းရရှိတဲ့စာရင်းတွေအရလည်းဖြစ်ပြီး အဲဒီစာရင်းတွေအရ တစ်ရက်ကိုအတည်ပြုလူနာ ရှစ်ဆယ်ထက် မနည်းတွေ့ရှိနေတာပါ။ ဒါနဲ့ပတ်သက်လို့လည်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က "တစ်ရက်ကို ပေါ့စတစ်ထွက်တဲ့ဦးရေက ၈၀/၉၀ လောက်ရှိပါတယ်၊ ဒါဒီရက်ပိုင်းအတွင်းမှာပါ၊ Positive လူနာနဲ့ထိတွေ့မှုရှိခဲ့သူတွေထဲကနေ Positive လူနာ တွေထပ်ထွက်တာပါ" လို့ ပြောပါတယ်။



တစ်ပတ်အတွင်း အတည်ပြုလူနာငါးရာကျော်တွေ့ရှိခဲ့တဲ့အထဲမှာ ရွေးကောက်ပွဲနေ့ကမဲရုံတာဝန်ထမ်းဆောင်ခဲ့သူတွေလည်းပါဝင်တယ်လို့သိရပြီး အဲဒီ အထဲမှာ ပညာရေးဝန်ထမ်းတွေ၊ မြို့နယ်အလိုက်ရပ်ကွက်အလိုက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေလည်းပါဝင်ပါတယ်။ "ကျွန်တော်တို့ပညာရေးက ပေါ့စတစ်နှစ်ယောက်ရှိတာပါ၊ သံသယနဲ့ကွာရန်တင်းလုပ်ထားတာပဲများပါတယ်၊ ကွာရန်တင်း ၁၈ ယောက်ရှိပါတယ်" လို့ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ)ဦးကျော်ဆွေကပြောပါတယ်။

မန္တလေးခရိုင် ၇ မြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က အတည်ပြုလူနာ ၄၄ ဦး၊ ၁၀ ရက်နေ့က ၉၃ ဦး၊ ၁၁ ရက်နေ့က ၄၉ ဦး၊ ၁၂ ရက်နေ့က ၆၄ ဦး၊ ၁၃ ရက်နေ့က ၈၉ ဦး၊ ၁၄ ရက်နေ့က ၉၃ ဦးနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ၁၁၅ ဦး စုစုပေါင်းအတည်ပြုလူနာ ၅၄၇ ဦးထွက်ပေါခဲ့တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က