အငြင်းပွားဖွယ်ရာကိစ္စတွေဖြစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် အဖွဲ့အဝင် ၂၀ခန့် တာဝန်ကနေ နုတ်ထွက်လိုက်ပါတယ်။

မှော်ဘီမြို့နယ်၊ ရွှေမြယာကုန်းကျေးရွာမှာ အစိုးရကထောက်ပံ့တဲ့ ငွေလေးသောင်းကျပ်နဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးအဖွဲ့နဲ့ ကျေးရွာနေထိုင်သူတွေအကြားအငြင်းပွားဖွယ်ရာကိစ္စတွေ ဖြစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးအပါအဝင် အဖွဲ့အဝင် ၂၀ ခန့် တာဝန်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ရွှေမြယာကုန်းကျေးရွာက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ တာဝန်ခံတွေ ဟာ အုပ်ချုုပ်ရေးမှူးအဖွဲ့ကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး၊ နုတ်ထွက်ကြောင်းကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးကိုတင်ပြထားတယ်လို့ ရွှေမြယာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ကိုဝေမိုးကပြောပါတယ်။



“မြို့နယ်ကိုတရားဝင်အကြောင်းကြားတယ်။ ခွင့်မပြုဘူး။ မြို့နယ်က ကျန်တဲ့သက်တမ်း သုံးလလေးကိုထိန်းပြီးတော့လုပ်ပေးဖို့ပေါ့။ ကျွန်တော်တို့ကတော့မလုပ်နိုင်ဘူး။ ဒါပေမယ့် ရွာမှာ ထောက်ခံစာလိုတဲ့သူတွေရှိတော့ အရမ်းအခက်အခဲဖြစ်တော့ ကျွန်တော်တို့ရွာက မြို့နဲ့ ၁၂ မိုင်လောက်ဝေးတော့ အဲ့ကိစ္စအတွက်တော့ ကျွန်တော့်ကိုလာညှိနှိုင်းနေကြတယ်။ နောက်ပြီး ကျွန်တော်တို့ကို အဂတိကိုတိုင်ထားတဲ့ကိစ္စကိုရော အဂတိကရောဘယ်လိုဖြေရှင်းပေးမှာလဲ၊ ကျွန်တော်တို့မှန်တယ်ဆိုရင်ရောဘယ်လိုအရေးယူပေးမှာလဲ။ အဲ့ဒါတွေကိုမေးထားတယ်။အဲ့ဒါကို ဘယ်လိုအရေးယူမပေးဘူးဆိုရင် ကျွန်တော်တို့မလုပ်တော့ဘူး”လို့ ကိုဝေမိုးကပြောတယ်။ဖြစ်စဉ်မှာ အစိုးရက ၄၀၀၀၀ ကျပ်ထောက်ပံ့မယ့်ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင် ပေးမယ်လို့ သတင်းထွက်ခဲ့ပြီး မပေးနိုင်တဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးက ငွေများကို ထိန်ချန်ထားခြင်း၊ ဘတ်ထားခြင်း လုပ်ထားဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပါအဝင် တခြားနေရာအချို့ကို ပါတိုင်ကြားမှုရှိခဲ့သလို ၊ ကျေးရွာတွင်းနေထိုင်တဲ့ ငွေကြေးချမ်းသာတဲ့လူတစ်ချို့ကလည်း ရပ်ကျေးရုံးအထိလာပြီး ပြောဆိုရမ်းကားမှုတွေရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ပြောပြချက်အရသိရပါတယ်။

ထောက့်ပံငွေ လေးသောင်းကျပ်ကို ရရှိဖို့ ရွှေမြယာကုန်းကျေးရွာကအိမ်ထောင်စု ၁,၇၀၀ ကျော်ကျန်ရှိနေပြီး မြို့နယ်ကိုတင်ပြခဲ့ပေမယ့် အိမ်ထောင်စု ၇၀၀ ကျော်အတွက်သာ ငွေသားချပေးခဲ့တာကြောင့်အိမ်ထောင်စု ၁,၀၀၀ ဝန်းကျင် ကွာဟသွားပါတယ်။ဒါကြောင့် ကွာဟသွားတဲ့ အိမ်ထောင်စုနဲ့ ရရှိတဲ့ အိမ်ထောင်စု ၇၀၀ အားလုံးမှာ အမှန်တကယ်ရရှိသင့်တဲ့သူတွေကိုလည်းရရှိစေဖို့အတွက် အိမ်ထောင်စုဇယားနဲ့ထိန်းပြီး ဆောင်ရွက်ခဲ့ကာ ရုံးရှေ့အထိလာရောက် ရမ်းကားခဲ့သူတွေကိုပါပေးခဲ့ရတယ်လို့ ဆိုပါတယ်။

“တစ်အိမ်ချင်းဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်၊ မိသားစုဆိုတာကို အိမ်ထောင်စုဇယားနဲ့သက်သေထူရမယ်ဆိုပြီးတော့ အိမ်ထာင်စုဇယားနဲ့ချိန်တော့ ရွာထဲက ပိုက်ဆံရှိတဲ့သူတွေက ကျွန်တော့်ရုံးကိုဝုန်းဒိုင်းနဲ့လုပ်ပြီးတော့ ငါမပါဘူးလား၊ ငါ့မပေးရင်တွေ့မယ်လုပ်တဲ့အခါကျတော့ ကျွန်တော့်လို တခြားရာအိမ်မှူးတွေလည်း မတတ်နိုင်ပဲသူတို့တွေကိုပါပေးလိုက်ရတယ်။ အားလုံးစုံလင်သွားတယ်။ အိမ်ထောင်စုနဲ့ဆို မရတဲ့သူမရှိသလာက်ပဲ။ လိုအပ်ချက်ရှိတာတွေလည်းကျွန်တော်စိုက်ခဲ့ရတယ်။ အဲ့ဒါတွေအကုန်လုံး လုပ်ပြီးသွားတော့ အကုန်လုံး ၂၀ လောက် အကုန်လုံးနုတ်ထွက်သွားတယ်။”လို့ ထပ်မံပြောပါတယ်။

အဲ့ဒီရွှေမြယာကုန်းကျေးရွာမှာ လက်ရှိမှာတော့ ရွာကဒေသခံတစ်ချို့ရပ်ကွက်ထောက်ခံစာပြုလုပ်ဖို့ အခက်အခဲတွေဖြစ်နေတာကြောင့် ၊ အုပ်ချုပ်ရေးမှူးနဲ့ ပြောဆိုညှိနှိုင်းမှုတွေရှိနေပေမယ့် အုပ်ချုပ်ရေးအဖွဲ့ကတော့ တာဝန်ကိုဆက်လက်ထမ်းဆာင်လိုစိတ်မရှိတော့ဘူးလို့ဆိုပါတယ်။ အဲ့ဒီရွာဟာမြို့နဲ့ ၁၂ မိုင်လောက်ကွာဝေးတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ရန်ကုန်တိုင်းမှာတော့ ခုထောက်ပံ့ပေးတဲ့ လေးသောင်းကျပ်နဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်နေပြည်သူတွေအကြားမှာ မကျေလည်မှုတွေ ဖြစ်ပွားနေပါတယ်။ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း သွားရောက်စုရုံးမှုတွေဖြစ်ပေါ်နေပါတယ်။အစိုးရက ပြည်သူတွေကို ကိုဗစ်ကာလထောက်ပံ့ငွေအဖြစ်  စတေးဟုမ်းမြို့နယ်တွေက အခြေခံလူတန်းစားတွေကို တစ်အိမ်ထောင် ငွေကျပ် လေးသောင်း ထောက်ပံ့ပြီး၊ ကျန်တဲ့ မြို့နယ်ကလူတွေကိုတော့ တစ်အိမ်ထောင်ကို နှစ်သောင်းကျပ်ထောက်ပံ့မှာဖြစ်တယ်လို့သိရပါတယ်။ 

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က