ပြည်သူဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်ထပ်တူကျအောင် ကြိုးစားခဲ့တယ်လို့လည်းဆိုပါတယ်။
Ei Ei Htun

နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ်ထပ်တူကျအောင် ကြိုးစားပေးခဲ့တဲ့ အတွက် ဒီရွေးကောက်ပွဲက ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်််််််မရှင််ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"ဒီရွေးကောက်ပွဲက ပဏာမတင်ပြခဲ့တဲ့အတိုင်း ပြည်သူတွေရဲ့အောင်ပွဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရင်တော့ ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် ထပ်တူကျအောင် ကြိုးစားပေးခဲ့တာပါ။ ထပ်တူကျတယ်မကျဘူးဆိုတာကတော့ ကာယကံရှင်မဲဆန္ဒရှင်များရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်တော်ခံယူလိုပါတယ်" လို့ 

 ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

"တချို့နိုင်ငံရေးပါတီတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ပြောဆိုတာတွေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လွတ်လပ်စွာ ဝေဖန်ပြောကြားခွင့်ရှိတဲ့အတွက် ဒီဟာကို လက်ခံပါတယ်။ မှန်ခြင်းမမှန်ခြင်းကတော့ ပြည်သူက အဆုံးဖြတ်ပေးသွားမှာပါ။ သို့သော်လည်း ဒီနိုင်ငံရေးပါတီတွေကို ကျွန်တော်က ခင်ဗျားတို့ ယူအီးစီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မယုံကြည်ဘူးဆိုတာ ခင်ဗျားတို့သဘောထားအတိုင်းပါ၊ ဒါပေမဲ့ ကျွန်တော်က မေတ္တာနဲ့ တိုက်တွန်းချင်တာကတော့ မိမိတို့ပါတီအနိုင်ရအောင်လည်း ပြည်သူတွေ ယုံကြည်အောင်လုပ်ပါဦးလို့ မေတ္တာရပ်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေက ဒါ သူတို့ကို သက်သက်သိက္ခာချတယ်လို့ အယူအဆမျိုးရှိနေတာကိုတွေ့နေရပါတယ်" လို့ ပါတီတွေရဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ရွေးကောက်ပွဲကော်််််််မရှင််ဥက္ကဌ ဦးလှသိန်းက မှတ်ချက်ပြုပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရားမျှတမှုမရှိဆိုပြီးပြောဆိုနေကြနေပေမယ့် လက်ရှိအချိန်ထိ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားစာတွေရောက်ရှိလာခြင်းမှမရှိဘူးလို့ သိရပါတယ်။ 

ယခုနှစ်မှာ ပြည်တွင်းပြည်ပက မဲဆန္ဒရှင်တွေ မဲပေးမှုကြောင့် မဲပေးတဲ့ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော််််််််ခဲ့ပြီး ဒီလိုရာခိုင်နှုန်းတစ်ခါမှ မရရှိခဲ့ဖူးကြောင်း ရွေးကောက်ပွဲကော်််မရှင််ဥက္ကဌရဲ့ ပြောကြားချက်အရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၈၇)ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီက (၁၉)ပါတီသာရှိခဲ့ပါတယ်။ 

အစိုးရ ဖွဲ့နိုင်တဲ့ အနိုင်ရ NLD ပါတီအနေနဲ့က တိုင်းဒေသကြီးပြည်နယ် (၅၀၁)နဲ့ တိုင်းရင်းသား (၂၃)နေရာ စုစုပေါင်း (၉၂၀) နေရာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



Author


က္က