ဆုချီးမြှင့်ခြင်း အစီအစဉ်တွေလည်းပါဝင်ပါတယ်။
Ei Ei Htun

ကိုဗစ်ရောဂါဟာ အခြေခံအားဖြင့် ကျန်မာရေးကောင်းတဲ့သူတွေမှာ ကူးစက်ခံရရင်တောင် ရောဂါဝေဒနာ သိပ်ပြီးမခံစားရတဲ့ အတွက် ပြည်သူတွေကျန်းမာရေးကောင်းအောင် အကပြိုင်ပွဲတွေပြုလုပ်သွားမယ်လို့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ 

ကိုဗစ် ၁၉ရောဂါနဲ့ ပတ်သက်ပြီးနောက်ဆုံးရအခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ရာ အွန်လိုင်းကွန်ယက်ကနေ အကပြိုင်ပွဲတွေပြုလုပ်သွားမှာဖြစ်ပြီး အကတော်ရင် ဆုတွေရနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

“ ပြည်သူတွေနဲ့ အနေနဲ့ ကျန်းမာရေးလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလျော့ချနိုင်ပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ဒါကိုလည်း အကြိမ်ကြိမ်ပြောဖူးတယ်။ အခြေခံအားဖြင့် ကျန်းမာရေးကောင်းနေတဲ့သူတွေဟာ ကူးစက်ခံရရင်တောင် အရမ်းခံစားရစရာမလိုပါဘူး။ အဲဒါကြောင့် ကျန်းမာရေးကောင်းဖို့ အခြေခံကျကျအရေးကြီးပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ဖို့ မကြာခင်မှာ TVသုံးပြီး အွန်လိုင်းကွန်ရက်ကနေ အကပြိုင်ပွဲတွေလုပ်သွားမယ်” လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာပါ။ 

ကိုဗစ်ရောဂါ ခံစားရတဲ့ သူတွေထဲမှာ ရောဂါအခံရှိပြီး ကိုယ်ခံအားနည်းတဲ့ သူအများစုက သေဆုံးခဲ့ကြရပါတယ်။ ဒါကြောင့် ရောဂါကူးစက်ခံခဲ့ရရင်တောင် ကိုယ်ခံကျန်းမာရေးကောင်းမွန်တဲ့ သူတွေက ရောဂါဝေဒနာဒဏ်ကို ပြင်းပြင်းထန်ထန်မခံစားရတဲ့အတွက် ပြန်လည်ကောင်းမွန်လာအောင် အခုလို အကပြိုင်ပွဲတွေ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ 

ကိုဗစ်ပိုးဟာ အေးတဲ့ရာသီမှာ ပိုပြီးတော့ ကူးစက်ရှင်သန်တဲ့ သဘောရှိတဲ့အတွက် ဆောင်းရာသီကာလမှာ ပြည်သူတွေအနေနဲ့ ပိုပြီး သတိပြုနေထိုင်ကြဖို့ကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ပြည်သူတွေရဲ့ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေလည်း ထုတ်လွှင့် တင်ဆက်ပေးလျှက်ရှိနေပါတယ်။ 

ဒီ အစီအစဉ်တွေကိုလည်း ပြည်သူတွေအနေနဲ့ စိတ်ဝင်စားပြီး လိုက်လုပ်စေချင်တယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။ 

အကပြိုင်ပွဲနဲ့ ပတ်သက်လို့ စိတ်ဝင်စားတဲ့ ပြည်သူတွေအတွက် ပြိုင်ပွဲအစီအစဉ်ကို အသေးစိတ်ကြေညာပေးသွားမှာဖြစ်ပြီး ပါဝင်လိုတဲ့ ပြည်သူတွေတွေအနေနဲ့က ကိုယ်စိတ်ဝင်စားတဲ့ အကအမျိုးအစားကို (၁၅)မိနစ်စာ Video ရိုက်ကူးပြီး ပြန်ကြားရေးဌာနကိုပေးပို့ရမှာဖြစ်ပြီးတော့ ဆုရွေးချယ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 



Author


က္က