ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကနေ မြို့နယ်တိုင်းအတွက် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ ထုတ်ပြန်ကြေညာနေပြီဖြစ်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို နိုင်ငံတော်ကငွေကြေးထောက်ပံ့ရာမှာ ရသင့်ရထိုက်တဲ့ အိမ်ထောင်စုတွေအနေနဲ့ မရရှိရင် တိုင်ကြားဖို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ ဆက်သွယ်တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ကြေညာနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အစိုးရက စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့တဲ့ ငွေကျပ်လေးသောင်းမရရှိတဲ့အတွက် ပြည်သူတွေက လူစုလူဝေးနဲ့တောင်းဆိုမှုတွေ အငြင်းပွားမှုတွေ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အပါအဝင်အဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့က မြို့နယ်တွေမှာ ဖြစ်ပွားလျက်ရှိပါတယ်။



ဓာတ်ပုံ-ဝင်းလွင် (လှိုင်သာယာမြို့နယ်မှာ ထောက်ပံ့ငွေလေးသောင်းကျပ်ရရှိဖို့ ပြန်လည်လျှောက်ထားရန် လုပ်ဆောင်နေကြသူများ)

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပံ့ငွေပေးအပ်ရာမှာ ဘယ်သူ့ကိုမှချန်ခဲ့ဖို့ ရည်ရွယ်ချက်မရှိသလို ချန်ခဲ့မှာလည်းမဟုတ်တဲ့အတွက် ကိုယ့်မိသားစု ၊ ကိုယ့်ရပိုင်ခွင့်ကျန်ရှိခဲ့ရင် ဆူပူမှုလုပ်ဖို့ မလိုအပ်ဘဲ တိုင်စာဌာနကို တိုင်ကြားပေးဖို့ နိုဝင်ဘာလ ၁၆ရက်က ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ နိုဝင်ဘာလ (၁၇)ရက်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ Ministry of Union Government Office Page ကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်အလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ကြေညာနေပြီ ဖြစ်ပါတယ်။

နိုင်ငံတော်က ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေအတွက် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာလ ၁၀ရက်က စတင်ပြီး Stay at Home ပြင်ပအိမ်ထောင်စုများအတွက် ကျပ်နှစ်သောင်း ၊ Stay at Home အကျုံးဝင်အိမ်ထောင်စုတစ်စုကို ကျပ်လေးသောင်းနှုန်းနဲ့ အိမ်ထောင်စု (၆.၁)သန်းခန့်အတွက် ငွေကျပ်(၁၆၃.၉၀၅)ဘီလီယံ ထောက်ပံ့နေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က