တစ်ရက်တည်းတင် (၈၆) ဦးထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်။

ပဲခူးမှာ ပြည်သူတွေအနေနဲ့ ကိုဗစ်စည်းကမ်းလိုက်နာမှုတွေ အားနည်းလာတာကြောင့် ကူးစက်မှုနှုန်းမြင့်တက်လာပြီး စံချိန်တင်လူနာတွေ့ရှိလာမှုတွေလည်း ရှိလာခဲ့ပါတယ်။

အဓိကလိုက်နာမှုအားနည်းတာကတော့ ပြည်သူတွေအနေနဲ့ mask တပ်သွားလာမျိုး မရှိတာကိုတွေ့ရပြီး မနေ့က တစ်ရက်တည်းတင် လူနာ (၆၁)ဦး တွေ့ရှိခဲ့တာပါ။ နိုဝင်ဘာလ (၁၅)ရက်နေ့မှာတော့ လူနာ (၈၆)ဦး နဲ့ စံချိန်တင်တွေ့ရှိခဲ့ပါသေးတယ်။



“ ကူးစက်မှုနှုန်းက ပဲခူးမြို့ အမှတ်(၃)ရပ်ကွက်က ကူးစက်မှုအများဆုံးပါ။ ကူးစက်မှု မြင့်တက်လာတဲ့အကြောင်းအရင်းကတော့ positive လူနာတွေ့ရှိတဲ့ ရပ်ကွက်တွေအလိုက် ပြည်သူလူထုတွေက mask တပ်သွားလာတာတွေမရှိဘူး။ နောက်ဆက်တွဲလူနာတွေ ထပ်တိုးတယ်။ အဓိကကတော့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးစည်းကမ်းလိုက်နာမှု အားနည်းတာကိုတွေ့ရတယ်”လို့ ပဲခူးမြို့ ကိုဗစ်ကုသကာကွယ်ရေးလုပ်ငန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေတဲ့ ကိုစူးရက Duwunကိုပြောပါတယ်။

ပဲခူးမြို့မှာ ကိုဗစ်လူနာတွေကို ထားရှိကုသပေးနေတဲ့ ဆေးနဲ့ ကုသရေး စင်တာ (၃)ခုရှိပြီး လူနာတွေကို မျှဝေထားရှိကာ ကုသမှုဆောင်ရွက်ပေးနေပါတယ်။ လူနာတွေ့ရှိမှုနှုန်းက ယခုတစ်ပတ်အတွင်း မြင့်တက်လာခဲ့ရာမှာ တစ်ရက်ကို လူနာ ဦးရေ (၆၀)နဲ့ (၉၀)ကြားမှာတွေ့ရှိနေတာဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ပဲခူးမှာကိုဗစ် လူနာ (၇၂၇)ဦးရှိကာ ရောဂါပြန်လည်ပျောက်ကင်းလို့ ဆေးရုံကဆင်းသူက (၁၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ နေ့စဉ်လူနာတွေ့ရှိမှုစာရင်းထုတ်ပြန်ချက်တွေအရ ရန်ကုန်က ကိုဗစ်ကူးစက်ခံရတဲ့လူနာ အများဆုံးဖြစ်ပြီး ပဲခူးက ဒုတိယအများဆုံး နေရာမှာရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က