လေအိတ်(၇)လုံးပါရှိပြီးတော့ လမ်းကြောင်းတစ်ခုနဲ့ တစ်ခုပြောင်းတဲ့အခါမှာလည်း မျက်ကွယ်မှာ ရှိနေတဲ့ ယာဉ်တွေ၊ အရာဝတ္ထုတွေကို သိမြင်နိုင်ဖို့ Blind Spot Information System က အကူအညီပေးနိုင်မှာပါ။
Saint Sandy Htet

လမ်းကြမ်းကြမ်းမှာ သက်သောင့်သက်သာ မောင်းနှင်စီးနင်းနိုင်မယ့် ယာဉ်ကောင်းကောင်းတစ်စီးကို ပြပါဆိုရင် Ford ရဲ့ Everest Titanium ကို ညွှန်းရမှာပါ။မြန်မာနိုင်ငံရဲ့ရောင်းအားအကောင်းဆုံးလည်းဖြစ်တဲ့ ဒီ Everest Titanium ဟာ အမျိုးအစားတူ SUV ကားတွေထက် ပိုနက်တဲ့ရေ 800mmအထက်ကို ဖြတ်သန်းသွားလာနိုင်ပြီး မြေပြင်နဲ့ ကားဝမ်းဗိုက်က 225mm အထိ ကွာဝေးတာကြောင့် ကား ဘော်ဒီကို ထိခိုက်မှာ စိုးရိမ်စရာမလိုလောက်တဲ့အထိ အကြမ်းပိုခံပါတယ်။

စီးနင်းသူတွေ  သက်သောင့်သက်သာဖြစ်နေစေဖို့ Everest Titanium မှာ Luxury Seat (၇)လုံးထည့်သွင်းပေးထားပြီး Active Noise Cancellation System ပါရှိတဲ့အတွက် ပြင်ပက ဆူညံသံတွေကို ကားထဲကနေ မကြားရလောက်တဲ့အထိ လျှော့ချပေးနိုင်ပါသေးတယ်။ ဒါ့အပြင် Steering Wheel မှာတင် Radio, AC စတာတွေအတွက် Control တွေပါရှိပြီးသားဖြစ်ပြီးတော့ Bluetooth ချိတ်ဆက်ထားမယ်ဆိုရင်  Voice Command ပေးပြီးတော့လည်း ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။ဒီလို အချက်တွေကြောင့် မောင်းနှင်သူရဲ့ အာရုံကို လမ်းပေါ်မှာပဲ ရှိနေစေနိုင်မှာ ဖြစ်ပြီး အခြား ကိစ္စအသေးအမွှားတွေကြောင့် အာရုံပြန့်စရာမရှိတော့လို့ မောင်းနှင်သူနဲ့ စီးနင်းနေသူတွေအတွက် Safety ပိုင်း စိတ်ချရမှာပဲ ဖြစ်ပါတယ်။

ပြီးတော့ ကားအင်ဂျင်ဖုံးကို မတင်တာ၊ နောက်ခန်းဖွင့်တာ၊  ပစ္စည်းတွေထည့်ဖို့အတွက် ထိုင်ခုံခေါက်တာ စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် Remote Key ပေါ်က ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ လူမပင်ပန်းဘဲလုပ်ဆောင်နိုင်ဦးမှာပါ။ Safety အပိုင်းအတွက်ဆိုရင် မောင်းနှင်နေတဲ့ လမ်းတောက်လျှောက်မှာ ရှိနေတဲ့ အရာတွေကို Detect လုပ်ပေးနေမယ့် စနစ်လည်းပါရှိပါတယ်။လေအိတ်(၇)လုံးပါရှိပြီးတော့ လမ်းကြောင်းတစ်ခုနဲ့ တစ်ခုပြောင်းတဲ့အခါမှာလည်း မျက်ကွယ်မှာ ရှိနေတဲ့ ယာဉ်တွေ၊ အရာဝတ္ထုတွေကို သိမြင်နိုင်ဖို့ Blind Spot Information System က  အကူအညီပေးနိုင်မှာပါ။ကားပါကင်အတွက်ဆိုရင်လည်း Active Park Assist ပါရှိပြီး ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့တင် အသင့်တော်ဆုံး Parking Spot ကို ရှာပေးဦးမှာပါ။ 

ဝန်တင်နိုင်မှုအပိုင်းမှာဆိုရင်လည်း အများဆုံး ၇၉၀ ကီလို အထိတင်နိုင်ပြီး ကားအမိုးပေါ်ကို အများဆုံး ၁၀၀ ကီလိုတင်နိုင်မယ့်အပြင် ၃၀၀၀ကီလိုအထိကို ဆွဲယူမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ မောင်းနှင်နေတဲ့ လမ်းတစ်လျှောက်မှာ အခက်အခဲ အတားအဆီးတွေရှိနေရင် Everest ရဲ့ Electronic Locking Rear Differential System က ကားနောက်ဝင်ရိုးကို Lock လုပ်ပေးလိုက်ပြီး နောက်ဘီးနှစ်လုံး လည်ပတ်အားကို ပိုကောင်းစေတာကြောင့် လမ်းချော်တာ၊ကြမ်းတာတွေကို မဖြစ်စေနိုင်တော့ပါဘူး။

အင်ဂျင်ကိုတော့ 3.2L Diesel 4WD ကို အသုံးပြုထားလို့ အင်ဂျင်ပါဝါ 147 kW, လည်အား 470Nm ဖြစ်ပြီး Fuel 80 Liters အထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ကားရဲ့ အပြင်ဘက်ခေါင်းပိုင်းကို Aerodynamics Structure ပုံစံ တည်ဆောက်ထားတဲ့အတွက်လည်း လေခွင်းအားကောင်း အမြန်နှုန်းကို တက်သွားစေတဲ့အတွက် ဆီစားသက်သာစေမှာပါ။ 

ဒီလို သက်သောင့်သက်သာဖြစ်မှုအပြင် ကားတစ်စီးထက်ပိုတဲ့ ခေတ်မီနည်းစနစ်တွေပါဝင်ပြီး Safety ပိုင်းအတွက် စိတ်ချရတဲ့ Ford Everest Titanium ဟာ ကားချစ်သူတွေအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုဖြစ်နေဦးမှာပါ။ ခရီးဝေးဝေးသွား လမ်းကြမ်းကြမ်းဖြတ်ဖို့အပြင် မြို့ထဲတွေမှာပါ သက်သောင့်သက်သာစီးနင်နိုင်ဖို့ ကားကောင်းကောင်း တစ်စီးရှာနေရင်တော့ Ford Everest Titanium ကို ရွေးချယ်ဖို့ အကြံပြုလိုက်ရပါတယ်။


Author


က္က