ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုလည်း ပြန်လည်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
Ei Ei Mar

ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော််််််မတီ ကကိုဗစ်ကန့်သတ်ချက်အချို့ကို ပြန်လည်ဖြေလျှော့ဖို့အတွက် ပြင်ဆင်လျက်ရှိပြီး ပြည်တွင်းခရီးသွားလာခွင့်ကို ကွာရန်တင်းဝင်စရာမလိုဘဲ ကန့်သတ်ချက်များနဲ့ ပြန်လည်ခွင့်ပြုပေးဖို့ စီစဥ်လျက်ရှိပါတယ်။ 

ပြည်တွင်းလေယာဥ်ခရီးစဥ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီးပြည်နယ်များသို့ ခရီးသွားရန်အကြောင်းပေါ်လာပါက သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ ကိုဗစ်ရှိ/မရှိ ထောက်ခံချက်ရှိရင် ကွာရန်တင်းဝင်ရန်မလိုဘဲ သွားလာခွင့်ပြုဖို့အတွက်ကို နိုဝင်ဘာလ ၁၇ ရက်နေ့က ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော််မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းကူးစက်မှု ဒုတိယအကြိမ်ပြန်လည်စတင်ပြီးတဲ့နောက် ပြည်တွင်းလေကြောင်းခရီးစဥ်အားလုံးကို အောက်တိုဘာလ ၁ ရက်နေ့က စတင်ရပ်နားထားခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းခရီးသွားလာခွင့်ကိုတော့ တိုင်း/ပြည်နယ်ကျော် သွားလာခြင်းအား ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို test kit တွေနဲ့ ချက်ချင်းစစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုနေသလို အိမ်စီးယာဉ်တွေနဲ့ ခရီးသွားဧည့်သည်တွေကိုတော့ ကွာရန်တင်း (၃)ရက်ဝင်ရောက်စေကာ (၃)ရက်အတွင်း ဓာတ်ခွဲစစ်ဆေးပြီးလို့ ရောဂါပိုးမတွေ့ရှိရင် ဆက်လက်သွားလာခွင့်ပြုနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် Stay at Home မဟုတ်တဲ့ မြို့တွေမှာ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက် မပိုဘဲ ဘာသာရေးကိစ္စများ ပြုလုပ်ခွင့်နဲ့ နိုဝင်ဘာလကုန်မှာ A အဆင့်သတ်မှတ်ခြင်းခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်များကို ပြန်လည်ဖွင့်ခွင့်ပြုဖို့အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ထပ်တိုးကန့်သတ်ချက်အနေနဲ့ နိုဝင်ဘာလ ၂၁ ရက်နဲ့ ဒီဇင်ဘာလ ၅ ရက်အတွင်းကာလအတွင်းမှာတော့ ပြည်သူတွေ နေအိမ်မှာ ပြန်လည်နေထိုင်ရေး ပန်ကြားချက် ထုတ်ပြန်ဖို့လည်း စီစဥ်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်တဲ့ အဆိုပါအစည်းအဝေးမှတ်တမ်းအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က