ပိုးတွေ့လူနာတွေကို ကုသရေးစင်တာမပို့ခင် ခေတ္တထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်က ၊  ကွာရန်တင်းစင်တာတစ်ခုမှာ positive လူနာထားတဲ့အခန်းထဲကနေ  ဖုန်း ၅ လုံး ခိုးယူခံလိုက်ရတယ်လို့ လှိုင်သာယာမြို့နယ် ကွာရန်တင်စင်တာတွေမှာ စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးနေသူ ကိုဇေကိုကိုထံမှ သိရပါတယ်။



မနေ့က နိုဝင်ဘာလ ၁၆ ရက်နေ့ည ၂ နာရီကျော်လောက်မှာ စင်တာထဲကို လူစိမ်းတစ်ယောက်ဝင်ရောက်လာပြိး စင်တာရဲ့ ဒုတိယအလွှာက အမျိူးသမီး ၅ ယောက်ရဲ့ ဖုန်း ၅ လုံးကို ခိုးယူသွားခြင်းဖြစ်ပါတယ်။စင်တာအဝင်ပေါက်မှာ ရဲ၊ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေကနေ အလှည့်ကျ စောင့်ကြည့်မှုရှိတဲ့အထဲကနေ ခိုးယူခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

“လှိုင်သာယာ ကွာရန်တင်းစင်တာပေါ့။ Positive တွေထားတဲ့ စင်တာပါ။ တစ်ဆင့်ခံစင်တာပေါ့။ ပိုးတွေ့တွေကို ဒီမှာ တစ်ဆင့်ထားပြီးတော့မှ ကုသရေးစင်တာကိုပို့တာပေါ့။စစ်ဆေးပြီးပို့တွေ့သူတွေကို ဒီမှာ ခဏထားတယ်။ပြီးမှ ကုသဖို့ပို့တာပေါ့။စင်တာ ၃ ခုရှိတယ်။ တစ်ခါတစ်လေကျရင် ကုသရေးစင်တာတွေမှာ လူပြည့်တဲ့အခက်အခဲတွေရှိတာပေါ့။အဲ့လိုအခါမျိုး မသွားခင်စပ်ကြားမှာ positive တွေကို ခဏထိန်းထားတဲ့သဘောပါ။ဒါပေမယ့် အမည်ခံတာတော့ ကွာရန်တင်းစင်တာပေါ့ ၊ အနံ့ပျောက်တို့ အများဆုံးထားတဲ့စင်တာပေါ့။ ဒါပေမယ့် ပိုးတွေ့တယ် ဝင်လာတာတွေလည်းရှိတာပေါ့။ သူတို့ကို နာရီပိုင်းလောက်ဖြစ်ဖြစ် ၊ တစ်ရက်လောက်ထိန်းပြီးတော့မှ ကုသရေးစင်တာတွေကိုပို့ရတာပေါ့.။ဒီတော့ အပြင်မှာက ပိုးတွေ့ထားတယ်ဆိုတာမသိရဘူးပေါ့။အရင်ကတော့ မဖြစ်ဖူးဘူး။ရဲတိုင်ထားတယ်။ ဖုန်းကိုလေ ကျနော်တို့ Volunteer (စေတနာ့ဝန်ထမ်း)တွေရော၊ ကွာရန်တင်းဝင်နေတဲ့သူတွေရော အကုန်လုံးပိုက်ဆံတွေစုပြီးတော့ ပြန်ဝယ်ပေးထားပါတယ်။”လို့ ကိုဇေကိုကိုကပြောပါတယ်။

 ခိုးယူသွားသူ ရောဂါပိုးကူးစက်ခံရမှာ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။

“စိတ်ပူတာက ဖုန်းခိုးသွားတဲ့ လူစိမ်းဟာ Positive တွေ နေတဲ့အခန်းထဲ နေပြီး ၊ သူတို့ကိုင်ထားတဲ့ဖုန်းတွေကို ယူသွားတာကြောင့် သူပါရောပြီး ကူးစက်ခံရမှာကိုပါ”လို့ ကိုဇေကိုကိုကထပ်မံပြောပါတယ်။

ဒါကြောင့် မနေ့က ညမှစပြီး ပုံမှန် ရဲ၊မီးသတ်တွေအပြင် Volunteerတွေပါ အလှည့်ကျ အိပ်ပြီးကင်းစောင့်ဖို့ စီစဉ်ခဲ့သလို ကွာရန်တင်းဝင်သူတွေကိုလည် းသတိပေးထားတယ်လို့သိရပါတယ်။

လှိုင်သာယာမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ ၄ ခုရှိပြီး ယခု ဖုန်းအခိုးခံလိုက်ရတဲ့ စင်တာက လှိုင်သာယာ အမှတ် ၂ ကွာရန်တင်းစင်တာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က