မြို့သစ်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူး၊ နတ်မောက်စသည့်မြို့များတွင် ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများကို အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းအတွင်း ပိုးတွေ့ရှိမှု မြင့်တက်လာပြီး အောင်လံမြို့ပေါ်ရပ်ကွက်များနှင့် အချို့မြို့နယ်ကျေးရွာများတွင် အသွားအလာကန့်သတ်ထားတယ်လို့ သိရပါတယ် 

 တခြားတိုင်း/ပြည်နယ်များမှ လာရောက်သူများမှာသာ ပိုးတွေ့သူများခဲ့တဲ့ မကွေးတိုင်းမှာ အခုနောက်ပိုင်း ပိုးတွေ့သူများနဲ့ ထိတွေ့ဆက်စက်သူများမှာ ကူးစက်မှု ပိုမိုများပြားလာတဲ့အတွက် ပိုးတွေ့အများဆုံး မြို့နယ်များကို အသွားအလာကန့်သတ်ထားရကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ 



 "ယာဥ်မောင်း ယာဥ်နောက်လိုက် ပိုးတွေ့ သူ များလာတယ်၊ တဆက်တည်း ထိတွေ့ဆက်စပ်သူတွေ ကူးစက်မှု local spread တဖြည်းဖြည်းများလာတယ်၊ အောင်လံမြို့နယ်က (၁၈၂)ဦးနဲ့ ပိုးတွေ့အများဆုံးမြို့နယ်ဖြစ်နေတယ်၊ အခု ဒုတိယအကြိမ် မြို့ပေါ်ရပ်ကွက်တွေကို အသွား အလာ ကန့်သတ်ထားတယ်"လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ 

ထို့အပြင် မြို့သစ်၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူး၊ နတ်မောက်စသည့်မြို့များတွင် ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများကို အသွားအလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ 

 "မကွေးတိုင်းမှာ ဆောနဲ့စေတုတ္တရာ (၂)မြို့နယ်ကလွဲလို့ ( ၂၃) မြို့နယ်လုံး ပိုးတွေ့နေတာပါ၊ မြို့အသီးသီးက Covid-19ကော်မတီများက ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး လမ်းညွှန်ချက်အတိုင်း Mask campaign ကို အရှိန်မြှင့်လုပ်ဆောင်နေပါပြီ၊ ပြည်သူလူထု ကျန်းမာရေးအသိ သတိ မြင့်မားလာမှသာ behavioral change နဲ့အတူ လိုက်နာလုပ်ဆောင်မှုတွေ မြင်တွေ့ရမှာပါ။ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါဖြစ်လေတော့ ဥပဒေအရထိန်းကျောင်းမှုလည်း လိုအပ်မှာပေါ့။ ပြည်သူအများ စည်းကမ်းလိုက်နာကြပါ"လို့ ဒေါက်တာခင်မောင်သန်းက ဆိုပါတယ်။

  မကွေးတိုင်းအတွင်း နိုဝင်ဘာ(၁၈)ရက် ညနေ ၄ နာရီခွဲ အချိန်ထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၁၁၄၉)ဦးအထိရှိနေပြီး သေဆုံး သူ (၂)ဦး ရှိကြောင်း သိရပါတယ်။

မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က