အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေဏီအဖွဲ့ချုပ် (NLD) ပါတီက ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို ငွေကျပ် သိန်းသုံးထောင် လှူဒါန်းခဲ့ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အခုလို လှူဒါန်းရခြင်းဖြစ်ကြောင်း ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားခဲ့ပါတယ်။

NLD ပါတီက အလှူငွေကျပ် သိန်းသုံးထောင်ကို နိုဝင်ဘာလ ၁၈ ရက်‌ နေ့လယ်က သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပြီး ဒီငွေတွေကို မြန်မာနိုင်ငံရဲ့ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - MoHS

အလှူငွေများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ပါတယ်။

ပါတီက ရွေးကောက်ခံကိုယ်စားလှယ်များအနေဖြင့်လည်း လူထုကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုစီမံချက်တွေမှာ ပါဝင်ပေးစေလိုကြောင်း ဝန်ကြီးက ပန်ကြားခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်အရသိရပါတယ်။ 

လှူဒါန်းငွေတွေကို အသုံးပြုပြီး ကိုဗစ်ဖြစ်ပွားနေစဉ်ကာလတွင် ဆေးရုံများရှိ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ခြင်း၊ ဆေးရုံများတွင် အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ခြင်းတို့ ဆောင်ရွက်နေတာဖြစ်လို့ ဒီလှူဒါန်းမှုက ကိုဗစ်ကာလတွင်သာမက ရေရှည်အတွက်ပါ အကျိူးရှိမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

Share

Loading Next Article...
က္က