အထူးကြပ်မတ်ဆောင်မှာ (၃)ဦး ကုသမှုခံယူနေရပါတယ်။

နိုဝင်ဘာလလ (၈)ရက်နေ့၊ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌအပါအဝင်၊ အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်စုစုပေါင်း (၈၃) ဦး ကိုဗစ်ကူးစက်ခံထားရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။

ကူးစက်ခံရသူတွေထဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေပါဝင်သလို မဲရုံစောင့်ဝန်ထမ်းတွေလည်းပါဝင်ပြီး မိသားစုဝင်တွေပါ ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။



" ဟုတ်ပါတယ်။ အားလုံးကတော့ အခုကုသရေးစင်တာတွေမှာ ကျန်းမာရေး ကောင်းမွန်ကြပါတယ်။ တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေပါကူးတော့ သူတို့မိသားစုဝင်တွေပါ ပါပြီပေါ့။ ရွေးကောက်ပွဲပြီးတော့ အဲဒီနေ့မှာတာဝန်ကျတဲ့သူတွေကို ကိုဗစ်ရှိ၊မရှိစစ်တယ်။ ပိုးတွေ့တဲ့သူတွေရဲ့ မိသားစုဝင်တွေပါ စစ်တယ်။ အခုဆို အားလုံးပေါင်း (၈၃)ဦးထိ ကူးစက်ခံထားရတာပါ”လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်မောင်အေးက Duwunကို ပြောပါတယ်။

ကူးစက်ခံရတဲ့သူတွေအနေနဲ့ ဘယ်ကနေစတင်ကူးစက်ခံရလည်းဆိုတာကို မသိရှိရဘဲ လက်ရှိမှာတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် လူနာနဲ့ထိတွေ့မှုရှိခဲ့သူတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

ကူးစက်ခံရတဲ့ သူတွေကတော့ ဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင် အယောက် ၃၀၊ ဝန်ထမ်း(၈)ယောက်နဲ့ မဲရုံအဖွဲ့ဝင် ၃၃ ဦးတို့ ဖြစ်ပါတယ်။အဲဒီထဲကမှာ (၈)ယောက်က ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ (၆၃)ဦးကတော့ ဆေးကုသမှုဆက်လက်ခံယူနေဆဲဖြစ်ပါတယ်။

ကူးစက်ခံရတဲ့ မိသားစုဝင် (၁၂)ဦးမှာလည်း လက်ရှိအချိန်ထိဆေးကုသမှာခံယူနေတာပါ။ဆက်လက်ဆေးကုသမှု ခံယူနေရတဲ့ (၇၅)ဦးထဲမှာတော့ (၃)ဦးက အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က