အာဏာရအန်အယ်လ်ဒီပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၃၉၆ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တာပါ။

ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ အာဏာရအန်အယ်လ်ဒီပါတီအနေနဲ့ ဒုတိယအကြိမ်အစိုးရဖွဲ့တဲ့အခါမှာ ဝန်ကြီးနေရာတွေအပြောင်းအလဲရှိနိုင်တယ်လို့ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ပြောဆိုလိုက်ပါတယ်။

"ဝန်ကြီးအပြောင်းအလဲရှိနိုင်တယ်၊ သမ္မတ(အပြောင်းအလဲ)က ကျွန်တော်ဖြေနိုင်တဲ့အဆင့် လွန်သွားပြီလေ၊ အွန်လိုင်းတွေပေါ်မှာလည်းရေးနေကြတာပေါ့နော်၊ ကျွန်တော်တို့လည်းသမ္မတရွေးမယ်လို့ဆိုလို့ရှိရင် တိုင်ပင်ပြီးတော့မှဆောင်ရွက်ကြတာပါ" လို့ ၎င်းကပြောပါတယ်။



မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းကဖွင့်လှစ်တဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းအဆောက်အဦဖွင့်ပွဲအခမ်းအနားအပြီး သတင်းထောက်တွေရဲ့မေးမြန်း မှုတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကပြန်ဖြေကြားပေးတာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲတိုင်းမှာအနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာမှ အစိုးရဖွဲ့ခွင့်ရခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ကဏ္ဍအလိုက်ကျွမ်းကျင်သူတွေနဲ့ရွေးချယ်ဖွဲ့စည်းခဲ့တာလို့သိရပါတယ်။

"ဝန်ကြီးတွေဆိုတာ နိုင်ငံရေးအရလည်း Strong ဖြစ်ရမယ်၊ နိုင်ငံရေးအရဆုံးဖြတ်နိုင်သူတွေဖြစ်ရမယ်၊ နောက်ပြီးတော့ Technical Leader ဆိုလို့ရှိရင် စီမံခန့်ခွဲတတ်တာ၊ ကျွန်တော်ပညာတတ်လို့မပြောဘူးနော်၊ ဘာခေါ်မလဲ၊ သူ့နယ်မြေနဲ့ သူ့ Team မှာ၊ သူ့ Sector မှာ ကျွမ်းကျင်တဲ့သူလည်းဖြစ်ရမယ်၊ နောက်တစ်ချက်က ကျွန်တော်တို့က ကျန်တဲ့ Other Abilities ပေါ့၊ အရင်တုန်းက ဘယ်လောက် Performance ရှိခဲ့တယ်ပေါ့၊ အဲဒါတွေက ကျွန်တော်တို့ ရဲ့ Guide Line ပဲ၊ ကျွန်တော်တို့လည်း Check List တွေနဲ့လုပ်တာပါ" လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။ အာဏာရအန်အယ်လ်ဒီပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၃၉၆ နေရာ၊ ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တာပါ။

Share

Loading Next Article...
က္က