ကိုဗစ်ရောဂါပြန့်ပွားမှုမြင့်တက်ခဲ့တာမှာ ဒေသအစိုး ရက Quarantine Center တွေတိုးချဲ့ပြင်ဆင်နေရပါတယ်။
Minn Nandar

Home Quarantine ထားခြင်းမထားခြင်းကိစ္စက Positive လူနာရဲ့နေအိမ်ဝန်းကျင်အပေါ်မူတည်ပြီး ထားမည်မထားမည်ကို ကျန်းမာရေးနှင့်ထွေအုပ်က ပဲ အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

မန္တလေးမှာ ကိုဗစ်-၁၉ပိုးတွေ့လူနာတွေများပြားလာတဲ့အတွက် Quarantine နေရာတွေအခက်တွေ့နေပြီး ကောလာဟလသတင်းတွေလည်းထွက်ပေါ်နေတဲ့အတွက် ဝန်ကြီးချုပ်ကရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ "ကိုယ့်အိမ်မှာကိုယ် Home Quarantine ထားတာတွေက အရင်ကလည်းရှိခဲ့ဖူးပါတယ်။ ဥပမာ မိသားစု သုံး ယောက်ရှိတယ်၊ တစ်ယောက်ကဖြစ်တယ်၊ နှစ်ယောက်ကအခန်းကျယ်ကျယ်ရှိတယ်၊ နေလို့ရတယ်ဆိုရင် သူတို့ကတော့ Home Quarantine ထားလို့ရတယ်၊ ဒါပေမယ့် ရပ်ကွက်က Traffic ဖြစ်တဲ့နေရာ၊ ခြံစည်းရိုးကမရှိဘူး၊ အိမ်တွေတစ်ခုနဲ့တစ်ခုဆက်နေတယ်၊ အဲဒီလိုနေရာတွေမှာဖြစ်ရင်ကျတော့ လက်ခံလို့မရဘူး၊ အဲဒါကျတော့ Facility Quarantine ပို့ကိုပို့ရမယ်" လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

မန္တလေးမြို့မှာ အခုတလောထွက်ပေါ်နေတဲ့ Positive လူနာနဲ့ထိတွေ့မှုရှိသူတွေကို Home Quarantine ပဲထားတော့မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ ဒီကနေ့သတင်းထောက်တွေရဲ့မေးမြန်းမှုအပေါ် ဝန်ကြီးချုပ်ကပြန်ဖြေပေးတာလည်းဖြစ်ပါတယ်။ Quarantine Center တွေက များသောအားဖြင့် Hall Type စီစဉ်ရတာဖြစ်ပြီး အဆောင်တွေမှာစီစဉ်တဲ့ Quarantine Center တွေကျတော့ အခန်းတွေ နဲ့ဖြစ်လို့ ပြဿနာသိပ်မရှိလှဘူးလို့သိရပါတယ်။

"Home Quarantine ကလူတိုင်းမရနိုင်ဘူး၊ Home Quarantine ထားသင့်မထားသင့်ဆုံးဖြတ်မယ့်သူက ကျန်းမာရေးနဲ့အထွေထွေအုပ်ချုပ်ရေးကပဲ ဆုံးဖြတ်မှာပါ၊ ရောဂါဖြစ်တဲ့အိမ်ဟာ လူများတယ်ဆိုရင်တော့ Home Quarantine မရဘူး၊ အဲဒါဆိုရင်သွားကိုသွားရမယ်" လို့လည်း ဝန်ကြီးချုပ်ကပြောပါ တယ်။မန္တလေးမြို့မှာ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းဖြစ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ကိုဗစ်ရောဂါပြန့်ပွားမှုမြင့်တက်ခဲ့တာမှာ ဒေသအစိုး ရက Quarantine Center တွေတိုးချဲ့ပြင်ဆင်နေရပါတယ်။

"ကျွန်တော်တို့တတ်နိုင်သမျှလည်း Quarantine Center တွေတိုးချဲ့နေပါတယ်၊ တွေကရှာလို့လွယ်ပါတယ်၊ ကျောင်းတွေကျန်ပါသေးတယ်၊ တက္ကသိုလ်တွေကျန်ပါသေးတယ်၊ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ Volunteer တွေရှာရဖွေရတာနည်းနည်းခက်ခဲနေပါတယ်၊ ဒါကြောင့်မို့လို့ ကျွန်တော်တို့မေတ္တာရပ်ခံချက်တွေထုတ်တာပါ တတ်နိုင်သမျှ အိမ်ထဲမှာနေကြပါလို့မေတ္တာရပ်ခံတာပါ" လို့ ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က