လှည်းကူးနဲ့ ဒဂုံမြို့သစ်ဘက်တွေမှာ စီမံကိန်းတွေဆောင်ရွက်သွားမှာပါ။
Ei Ei Htun

ကိုဗစ်ကာအလွန် စီးပွါးရေးလုပ်ငန်းများပြန်လည်ဦးမော့လာစေရန်အတွက် နိုင်ငံတော်စီမံကိန်းကြီးတွေစီစဉ်ထားပြီး မိတ်ဖက်နိုင်ငံတွေနဲ့ စက်မှုဇုန်လုပ်ငန်းတွေ လုပ်ကိုင်သွားဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်းမှာကိုပဲ လှည်းကူးမြို့မှာ ကိုရီးယား-မြန်မာ စက်မှုဇုန်လုပ်ငန်းကို စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး နောက်မကြာခင်ကာလမှာလည်း လှည်းကူးမြို့မှာပဲ မြန်မာ-စင်ကာပူ စက်မှုဇုန်ဉယျာဉ်ကိုအကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဒဂုံမြို့သစ်ဘက်မှာလည်း မြို့သစ်စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

“ ဒီလိုစီမံကိန်းကြီးတွေအကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာရုံသာမကဘူး ကျွန်မတို့ပြည်သူတွေအတွက်လည်း အလုပ်အကိုင်ဖန်တီးတဲ့ဘက်မှာ အင်မတန်မှအရေးပါပါတယ်။ အလုပ်အကိုင်တွေဖန်တီးခြင်းဖြင့် ကိုဗစ်နောက်ပိုင်းကာလမှာလည်း ပြည်သူတစ်ဦးချင်းရဲ့ စီးပွါးရေးအခြေအနေအရ ဦးမော့လာအောင် ဒါတွေကအထောက်အကူဖြစ်ပါလိမ့်မယ်”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောကြားခဲ့တာပါ။

ကိုဗစ်အလွန်ကာလမှာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး ဦးမော့လာဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ စက်မှုဇုန်လုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်းကို အသုံးပြုပြီး အွန်လိုင်းကနေ စီးပွါးရှာလို့ရမယ့် အွန်လိုင်းစီးပွါးရေးပညာပေးလုပ်ငန်းတွေကိုလည်း ရုပ်မြင်သံကြားကနေတစ်ဆင့်ပြုလုပ်ပေးသွားဖို့လည်း အစိုးရက စီစဉ်ထားပါတယ်။ 

နိုင်ငံတွင်းကိုဗစ်ကူးစက်မှုကြောင့် စက်ရုံအလုပ်ရုံအများစုကလည်း အရှုံးနဲ့ရင်ဆိုင်ရကာ လုပ်ငန်းလည်ပတ်နိုင်ခြင်ရမရှိတဲ့အတွက် စက်ရုံတွေပိတ်သိမ်းလိုကတဲ့အထိရှိခဲ့တာကြောင့် အလုပ်သမားသိန်းနဲ့ချီအလုပ်လက်မဲ့တွေဖြစ်ခဲ့ကြရတာမျိုးတွေလည်းရှိနေပါတယ်။


Author


က္က