တောင်ကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၃၀ ရှိပြီးဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကို ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်ကစပြီး Stay Home အဖြစ် သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ တောင်ကြီးမြို့နယ်အထွေအထွေအုပ်ချုပ်ရေးမှူးရုံးက အတည်ပြု ပြောကြားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားတဲ့အတိုင်း နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အထိ မိမိနေအိမ်မှာ သာနေထိုင်ဖို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးပြောဆိုထားတာဖြစ်ပါတယ်။ "တောင်ကြီးကို Stay Home သတ်မှတ်လိုက်တာဟုတ်ပါတယ်။ Lock down တော့မဟုတ်ပါဘူး။ ဒီနေ့ကစပြီးတော့ လုပ်တာမှန်ပါတယ်။"လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းတစ်ဦကပြောဆိုပါတယ်။



တောင်ကြီးမြို့ပေါ်မှာဒေသတွင်းရောဂါကူးစက်မှုအခြေအနေက နိုဝင်ဘာ လ ၁၂ရက်နေ့မှာတစ်ဦးတွေ့ရှိခဲ့ပြီးမနေ့ကအထိဆိုရင် (၇ )ဦးထပ်မံ ရောဂါကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ပိုးကူးစက်မှုပိုမိုပြန့်ပွားလာလို့ နေအိမ်အတွင်းကထွက်ခွာခြင်းမပြုလုပ်ဘဲ နေအိမ်ထဲမှာပဲနေထိုင်ဖို့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နေအိမ်ပြင်ပကို မဖြစ်မနေထွက်ခွာဖို့ ရှိပါက နှာခေါင်းစည်း Mask များကိုစနစ်တကျတပ်ဆင်ခြင်း၊ အရာဝတ္ထုတွေကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် ပွတ်တိုက်ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှာ နေထိုင်ကြပြီးလူစုလူဝေးကို ရှောင်ကြဉ်ပေးကြပါဖို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ကိုဗစ် ၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊အနံ့ပျောက်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ခံစားရပါက ကျန်းမာရေးဌာနကို အမြန်ဆုံး သယ်ယ် ပေးကြပါရန်နဲ့ ရောဂါပိုးရှိသူနှင့် ထိတွေ့မိသည်ဟု မိမိကိုယ်ကို သံသယဖြစ်ပါကလည်း ကျန်းမာရေးဌာန ကို ဆက်သွယ်တိုင်ပင်ပေးကြဖို့ အသိပေးပြောဆိုထားပါတယ်။ တောင်ကြီးမှာ ကိုဗစ်အတည်ပြုလူနာ ၃၀ ရှိပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က