အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တယ်လို့လည်း သိရပါတယ်။

အအေးလှိုင်းဖြစ်တဲ့ လာနီညာဖြစ်စဉ်ဟာ ပုံမှန်ထက်ကျော်ပြီး ပိုမိုအားကောင်းလာတဲ့အနေအထားမှာရှိနေတာကြောင့် ယခုနှစ်ဆောင်းတွင်းကာလမှာ အအေးပိုလာနိုင်တယ်လို့ မိုးဇလမှသိရပါတယ်။



လာနီညာရဲ့ဖြစ်စဉ်ကိုတော့ ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံတို့ပဲ တိုက်ရိုက်ထိတွေ့ခံစားရမှာဖြစ်ပြီး မြန်မာနိုင်ငံက တိုက်ရိုက်ထိတွေ့နိုင်တာမရှိတဲ့အတွက် အအေးပိုတာကလွဲလို့ ထူးထူးခြားခြားထိခိုက်နိုင်တာတော့ မရှိဘူးလို့ မိုးဇလ ညွန်ကြားရေးမှူး ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။



“ ပစိဖိတ်သမုဒ္ဒရာရဲ့ လေထုအညွန်းကိန်းနဲ့ ပင်လယ်ရေမျက်နှာပြင်က ပုံမှန်ထက်ကျော်လွန်ပြီး ပိုအေးလာလို့ မြန်မာနိုင်ငံရဲ့ ဆောင်းရာသီကလည်းအအေးဓာတ် ပိုလာနိုင်တယ်။ လာနီညာရဲ့ သဘောက အေးပြီးတော့ စိုစွတ်တဲ့အနေအထားဆိုတော့ ကျွန်တော်တို့ဆီမှာလည်း အအေးသက်ရောက်မှုတွေရှိနိုင်တယ်။ ဒေသအလိုက်သက်ရောက်မှုခြင်းကတော့မဘူး။ တချို့ဒေသတွေက ပုံမှန်အတိုင်းရှိပြီး တချို့ဒေသတွေကပိုအေးနိုင်တယ်” လို့ဦးကျော်မိုးဦးကပြောပါတယ်။

ယခုနှစ် လာနီညာရဲ့ဖြစ်စဉ်က ကမ္ဘာမှာ စက်တင်ဘာလလောက်ကတည်းကစတင်ဖြစ်ပေါ်နေတာဖြစ်ပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာပိုမိုအားကောင်းကာ ဖေဖော်ဝါရီလမှာတော့ အားပျော့သွားနိုင်တယ်လို့ ဆိုပါတယ်။ လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တယ်ဆိုပေမယ့် အဲဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုအနေနဲ့ ဆောင်းရာသီကာလအတွင်း ညအပူချိန်လျော့နည်းတာတွေ၊ အအေးပိုတာတွေ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က