ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာလည်း တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုရှိခဲ့ပါတယ်။
Ye Yint Htay

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူအပါအဝင် ငါးဦးကို ငြိမ်းစုစီပုဒ်မနဲ့ အမှုဖွင့်လှစ်အရေးယူထားတယ်လို့ အင်းစိန်မြို့မရဲစခန်းကသိရပါတယ်။

"ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဦးထင်ကျော် နဲ့ ဝန်းရံသူ လေးဦးကို (ပ)၁၅၂၃/၂၀၂၀၊ ငြိမ်း/စု/စီ ဥပဒေပုဒ်မ(၁၉) နဲ့ အမှုဖွင့်အရေးယူ ထားတာဖြစ်တာဖြစ်ပါတယ်။"လို့ အင်းစိန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက် ဘောလုံးကွင်းထဲမှာ လူအင်အား ၂၀၀ ကျော်လောက်က ၂၀၂၀ ရွေးကောက်ပွဲဟာ တရားမဲ့ပြုကျင့်တဲ့ရွေးကောက်ပွဲဖြစ်တာကြောင့် ဆန့်ကျင်ကြောင်းနဲ့ မဲလိမ်မဲခိုးမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးရှိမဲမသမာမှုများအား ဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး၊ မှန်ကန်မျှတမှုမရှိသည့်ရွေးကောက်ပွဲကော်မရှင်အလိုမရှိ၊ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှုများအား ဆန့်ကျင်ကျ၊မသမာသာနည်းလမ်းဖြင့်အာဏာရယူရန်ကြိုးပမ်းမှုများအားဆန့်ကျင်ကြ ဟု လည်း ကြွေးကြော်ခဲ့ကြပါတယ်။ ရန်ကုန်မှာ မနေ့ကတစ်ရက်ထဲ ဆန္ဒပြမှုအနေနဲ့ အင်းစိန်အပါအဝင် ဒလမြို့နယ်မှာလည်းပြုလုပ်ခဲ့ကြသလို ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံမှာလည်း တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှုရှိခဲ့ပါတယ်။


အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။ 


Author


က္က