ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၁,၀၀၀ နီးပါးလောက်ရှိမယ်လို့သိရပါတယ်။
Ye Yint Htay

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ပိန္နဲကုန်းကျေးရွာက ပိန္နဲကုန်းဈေးမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ဈေးဆိုင်ခန်းအားလုံး မီးလောင်တဲ့အထဲပါပြီး ပျက်စီးသွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်ခဲ့တဲ့ မော်လမြိုင်လူမှုကူညီရေးအဖွဲ့မှသိရပါတယ်။

ဖြစ်စဉ်ကဒီကနေ့ မနက် ၂ နာရီဝန်းကျင်အချိန်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပိန္နဲကုန်းဈေးမှာ ရှိတဲ့ဈေးဆိုင်ခန်းပေါင်း ၁၈၅ခန်းစလုံးပျက်စီးခဲ့ရပါတယ်။ "မနက် ၂ နာရီ မတ်တင်းလောက်ရှိမယ်။ သူတို့ပြောတာတော့ ဆိုင်ကယ်ဝါယာရှော့ဖြစ်တယ်လို့ပြောကြတယ်။။ဈေးကတော့ကုန်သလောက်အကုန်ပျက်စီးသွားတယ်။ ဈေးကသပ်သပ်ရပ်ရပ်ပဲ။ စံပြရွာဆိုတော့လေ သပ်သပ်ရပ်ရပ်ပါပဲ။သား ငါးတင်မဟုတ်ဘူး။ တချို့ဆို အလူမီနီယံဆိုင်ခန်းရှိတယ်။ ပြန်ပြင်ထားတာတော့သိပ်မကြာသေးဘူးလို့သိရတယ်။ ၄၈၀၀ ရောဂါလံ တစ်စီး၊ ၁၂၀၀ ရေဂါလံ၊ ၈၀၀ ရေဂါလံကား၊ အရေးပေါ်ယာဉ် ၄ စီးသွားခဲ့တယ်။"လို့ မော်လမြိုင်လူမှုကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဦးကပြောပြပါတယ်။

Photo: Bo Win

မီးလောင်မှုဟာ မနက် ၂ နာရီဝန်းကျင်မှာ စတင်လောင်ကျွမ်းခဲ့ပြီး မနက် ၄နာရီလောက်မှာ မီးထိန်း၊မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ မီးလောင်မှု နဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၈၅ နဲ့ ကျိုက်မရောမြို့မရဲစခန်းက အမှုဖွင့်ထားကာ၊ ပြစ်မှုကျူးလွန်သူကိုတော့ စုံစမ်းမှုတွေပြုလုပ်နေပါတယ်။မီးလောင်မှူကြောင့် ပိန္နဲကုန်းဈေး တစ်ဈေးလုံးပျက်စီးသွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကတော့ သိန်း ၁,၀၀၀ နီးပါးလောက်ရှိမယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ


Author


က္က